Labels

Showing posts with label အကြိုက်ဆုံးစကားစု. Show all posts
Showing posts with label အကြိုက်ဆုံးစကားစု. Show all posts

Friday, June 22, 2012

မင်းသိဘို့လိုနေတယ်..........

သ၀န်တိုတာနဲ့ ချုပ်ချယ်တာ မတူဘူးနော်
သည်းခံတာနဲ့ တုံးအတာလဲ မတူဘူးနော်
အပြစ်တင်တာနဲ့ ဝေဘန်တာလဲ မတူဘူးနော်
စွပ်စွဲတာနဲ့ မေးမြန်းတာလဲ မတူဘူးနော်
နည်းနည်းကွဲပေမဲ့ လုံးလုံးလွဲတတ်တယ်
ကွက်လပ်တိုင်းမှာ မှန်အောင် မဖြည့်နိုင်ရင်
မှင်နီကြက်ခြေခတ်တွေပဲ မင်း ပိုင်ဆိုင်ရလိမ့်မယ်
မမြင့်မြတ်ခြင်နေပါ မယုတ်ညံ့ရင် တော်ပြီ
မရင့်ကျက်ခြင်နေပါ ကလေးမဆန်ရင် ရပြီ
မချိုသာလဲထားပါ မရိုင်းစိုင်းရင် ရပြီ
မိတ္တဗလ ကို မသိလဲ ထားပါ ၊ နီတိလောက်တော့
မင်းသိထားဘို့ လိုနေပြီ ။ ။ ။


                                          ဧဝံ မေ သုတံ

Wednesday, May 2, 2012

စိန်ခေါ်ရင်တိမ်ပေါ်ရောက်ရမယ်


ရင်ခွင်ပိုက်ကလေးငယ်များက မိခင်ရဲ့မေတ္တာကိုစိန်ခေါ်တယ်
ရင်ခွင်လွတ်အရွယ်ကစပြီးဖခင်ရဲ့အမြော်အမြင်နဲ့ ဦးဆောင်ညွန်ပြနိုင်စွမ်းကိုစိန်ခေါ်တယ်
လူရွယ်လူလတ်တို့ရဲ့အရည်အချင်းကိုလောကကြီးကစိန်ခေါ်တယ်
သက်ကြီးရွယ်အိုတို့ကသားသမီး။မြေးများနဲ့ လူငယ်တို့ရဲ့ကျေးဇူးသိမူနဲ့ မေတ္တာတရားကိုစိန်ခေါ်တယ်
လောကဓံတရားကအရွယ်ရောက်သူတိုင်းကိုစိန်ခေါ်တယ်
ကံတရားကတုံ့ပြန်မူအားလုံးကိုစနစ်တကျမှတ်တမ်းတင်လိမ့်မယ်။
   



                 ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

             မထေရ်မြတ်တို့စကားဝိုင်းစာအုပ်မှကူးယူဖော်ပြသည်                                                                                                                                     

Monday, June 13, 2011

ခွဲရတာများအဆန်းလုပ်လို့

သေကွဲခွဲရတဲ့လမ်းခွဲခြင်းလောက်
ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်
တစ်ခုမှမရှိတော့ပါဘူး။
ပြန်မဆုံနိုင်တဲ့ လမ်းခွဲခြင်းမျိုးနဲ့တောင်
တစ်နေ့လမ်းခွဲကြရမှာပဲ ဥစ္စာ၊
ခေတ္တခဏလေးလမ်းခွဲရတာလေးကို
ဝမ်းနည်းမနေပါနဲ့လားကွယ်
အိုသွေးရှိသူတိုင်းအိုကြရသလို
ခွဲသွေးရှိသူတိုင်း ခွဲကြရမှာပါ။

အရှင်ဆန္ဒာဓိက
စိတ်အားဖြည့်ဓမ္မသံစဉ်

Tuesday, February 8, 2011

ကိုယ်ကျိုးမသုံးမှ မိတ်ဆွေကောင်း..

ဆရာသမားကောင်း

တစ်ယောက်ဆိုတာ

ကိုယ့်တပည့်ကို

ကိုယ့်ကျိုးအတွက်

အသုံးမချပဲ

လူအများအကျိုး

သာသနာ့အကျိုးအတွက်ပဲ

အသုံးချသင့်ပါတယ်

မိဘကောင်းမှန်ရင်လဲ

သားသမီးတွေအပေါ်

နည်းတူသဘောထားရမှာပါပဲ

ညီအစ်ကိုယ်မောင်နှမကောင်း

မိတ်ဆွေ

အပေါင်းအသင်းကောင်းတွေလည်း

ဒီအတိုင်းပဲပေါ့

ကိုယ်နဲ့ပတ်သက်

ဆက်စပ်လာသူတိုင်းကို

ကိုယ့်အကျိုးအတွက်

အသုံးမချပဲ

သူ့အကျိုးအတွက်

အသုံးချမှ

ကိုယ်ဟာ သူ့အတွက်

မိတ်ဆွေကောင်းပီသပါတယ်။..

မှတ်ချက်/ အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မနှင်းပွင့်) မှ အကြိုက်ဆုံး ဓမ္မစကားစုကို ဖော်ပြလိုက်ပါသည်..