Friday, June 22, 2012

မင်းသိဘို့လိုနေတယ်..........

သ၀န်တိုတာနဲ့ ချုပ်ချယ်တာ မတူဘူးနော်
သည်းခံတာနဲ့ တုံးအတာလဲ မတူဘူးနော်
အပြစ်တင်တာနဲ့ ဝေဘန်တာလဲ မတူဘူးနော်
စွပ်စွဲတာနဲ့ မေးမြန်းတာလဲ မတူဘူးနော်
နည်းနည်းကွဲပေမဲ့ လုံးလုံးလွဲတတ်တယ်
ကွက်လပ်တိုင်းမှာ မှန်အောင် မဖြည့်နိုင်ရင်
မှင်နီကြက်ခြေခတ်တွေပဲ မင်း ပိုင်ဆိုင်ရလိမ့်မယ်
မမြင့်မြတ်ခြင်နေပါ မယုတ်ညံ့ရင် တော်ပြီ
မရင့်ကျက်ခြင်နေပါ ကလေးမဆန်ရင် ရပြီ
မချိုသာလဲထားပါ မရိုင်းစိုင်းရင် ရပြီ
မိတ္တဗလ ကို မသိလဲ ထားပါ ၊ နီတိလောက်တော့
မင်းသိထားဘို့ လိုနေပြီ ။ ။ ။


                                          ဧဝံ မေ သုတံ

No comments:

Post a Comment