Showing posts with label ကဗျာ... Show all posts
Showing posts with label ကဗျာ... Show all posts

Friday, October 22, 2010

မြတ်ဆရာ ..သို့

ဆရာ..

သတိရလိုက်တာဆရာရယ်

ဆရာသတိရတိုင်း ဆရာ့ဂုဏ်တွေကို

စာအုပ်ပေါ်မှာ မညီ မညာစာလုံးတွေနဲ့

ချရေးမိတယ်ဆရာ

ဆရာ..

ဒါပေမဲ့ဆရာ ဆရာ့ဂုဏ်တွေကိုစာရွတ်ပေါ်မှာ

ချရေးနေပေမဲ့ တပည့်ရင်ထဲမှာ စိုးရွံ့မိတယ်ဆရာ..

ဆရာ

တပည့် ဆရာ့ဂုဏ်တွေကိုစာရွက်ပေါ်မှာ ဘယ်လိုပဲချရေးရေး

ကုန်နိုင်ဖွယ်မရှိဘူးဆိုတာ တပည့်သိပါတယ်ဆရာ...

ဆရာ….

ကောင်ကင်ပေါ်က ကြယ်ပွင့်လေးတွေကို

တစ်ပွင့်နှစ်ပွင့်စသည်ရေတွက်လို့ရချင်ရင်ရနိုင်လိမ့်မယ်

ဆရာ့ဂုဏ်တွေကတော့ ရေတွက်လို့ ရနိုင်မယ်မထင်ပါဘူး ဆရာ…………..

ဆရာ..

ဧရာဝတီမြစ်ထဲက သဲပွင့်လေးတွေကို

တစ်ပွင့်နှစ်ပွင့် စသည်ရေတွက်လို့ ရချင်ရမယ်

ဆရာ့ဂုဏ်တွေကတော့ ရေတွက်ရနိုင်မယ်မထင်ပါဘူးဆရာ…

ဆရာ……

ကောင်းကင်ကကြလာတဲ့ မိုးစက် မိုးပေါက်လေးတွေကို

တစ်စက် နှစ်စက် စသည်ရေတွက်လို့ရချင်ရမယ်

ဆရာဂုဏ်တွေကိုတော့ ဂဏန်းသင်္ချာနဲ့တွက်ပြီး

ရေတွက်မယ်ဆိုရင် လုံးဝ ဥဿုံ ရေတွက်လို့ မရနိုင်ပါဘူးဆရာ..

ဆရာ……..

သမုဒ္ဒရာ ထဲကရေတွေကို ခပ်သောက်လို့ ကုန်ချင်ကုန်မယ်

ဆရာတပည့်တွေအပေါ်မှာထားတဲ့

မေတ္တာ စေတနာ တွေကတော့

တပည့်တွေဘယ်လိုပဲခပ်သောက်သောက်

ကုန်မယ်မထင်ပါဘူးဆရာ…………..

ဆရာ…

ဆရာဟာ တပည့်တွေအတွက်

ဆရာ့ဘဝကို လှေကား သဖွယ်သဘောထားသူပါဆရာ………

ဆရာဟာတပည့်တွေအတွက်

စေတနာ ဝါသနာ အနစ်နာ ဆိုတဲ့

နာသုံးနာနဲ့ပြည့်စုံသူပါဆရာ…

ဆရာ..

ဆရာဟာ တပည့်တွေစိတ်ညစ်နေရင်

တပည့်တွေကိုပျော်ရွှင်စေအောင်လုပ်ပေးခဲ့သူပါဆရာ..

ဆရာ….

ဆရာဟာတပည့်တွေစိတ်ဓာတ်ကျနေတဲ့ အခါ

ကျနေတဲ့စိတ်ဓာတ်တွေကို ပြန်မြင့်တင်ပေခဲ့သူပါဆရာ…

ဆရာ…

ဆရာဟာပန်းခင်တောလမ်းကိုတွေ့ရင်

ဆရာဟာ တပည့်တွေကိုရှေ့ကလျှောက်စေခဲ့ပေမဲ့

ဆူးခင်းသောလမ်းကိုတွေ့ရင် ဆရာကရှေ့ကလျှောက်ခဲ့သူပါ..

ဆရာ..

သတင်းကျွတ်ရင်ဆရာ

ဆရာ့ကိုကန်တော့တိုင်း ဆရာပေးလိုက်တဲ့ သြဝါဒတွေ

တပည့်တွေရင်ထဲမှာ အမြဲလှိုက်ခပ်ဆဲပါဆရာ..








Friday, October 8, 2010

တံခါးလာခေါက်သူ..

၁။ ဒေါက် ဒေါက် ဒေါက်

တံခါးလာခေါက်တာဘယ်သူလဲဟေ့

ကျွန်တော်ပါ

ကျွန်တော်ဆိုတာဘယ်သူလဲ

ကိုလောဘပါ

ဘာကိစ္စနဲ့ ငါ့တံခါးကိုလာခေါက်တာလဲ

ကျွန်တော် ခင်ဗျနဲ့မိတ်ဆွေဖွဲ့ချင်လို့ပါ

အော် အော် မင်းကလား

ငါ့ကိုမိတ်ဆွေဖွဲ့မှာ

သနားတယ်မင်းကို

ငါမင်းနဲ့မိတ်ဆွေမဖွဲ့နိုင်ဘူး

ဘာလို့လဲဗျာ

မင်းကငါ့ကို

ခုဘဝတင်မက နောက်ဘဝမှာပါ ဒုက္ခပေးမဲ့ကောင်

ဒါကြောင့်မင်းနဲ့ လုံးဝ မိတ်ဆွေမဖွဲ့နိုင်ဘူး

၂။ ဒေါက် ဒေါက် ဒေါက်….

ဘယ်သူလဲငါ့ တံခါးကိုလာခေါက်တာ

ကျွန်တော်ကိုဒေါသပါခင်ဗျ

ဘာကိစ္စ ငါ့တံခါးကိုလာခေါက်တာလဲ

ကျွန်တော်ခင်ဗျနဲ့မိတ်ဆွေဖွဲ့ချင်လို့ပါဗျာ..

မင်းကလား ငါ့ကိုမိတ်ဆွေဖွဲ့ချင်တာ

ဟုတ်ကဲ့ခင်ဗျာ

မင်းလိုအကြောင်းအကျိုးနားမလည်တဲ့ကောင်းနဲ့ ငါမိတ်ဆွေမဖွဲ့လိုဘူး

မင်းလဲ ငါ့ကို ဒီဘဝမှာလည်းမက

နောက်ဘဝမှာပါ ဒုက္ခပေးမဲ့ကောင်ကို

မိတ်ဆွေဖွဲ့ဘို့လာမပြောနဲ့

နောက်တစ်ခါ ငါ့အိမ်ရိပ်တောင် မင်း လာမနင်းနဲ့

၃။ ဒေါက် ဒေါက် ဒေါက်….

အိမ်တံခါးလာခေါက်တာဘယ်သူလဲ

ကျွန်တော် ကိုမောဟပါခင်ဗျာ..

ခင်ဗျာနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ

ဟေ့ မင်းနာမည်ငါမကြားချင်ဘူး

မင်းငါ့ကိုသံသရာအဆက်ဆက်သတ်ခဲ့ပြီးပြီ

ခုဘဝမှာရော နောက်ဘဝမှာရော သတ်ချင်နေသေးတာလား

ခုထွက်သွားဆန်း မင်းအသံကိုမကြားချင်ဘူး

၎။ ဒေါက်ဒေါက် ဒေါက်။။။

အိမ်တံခါးကိုဘယ်သူတွေလာခေါက်တာလဲ

ကျွန်တော်တို့က ကိုအလောဘ ကိုအဒေါသ နောက်တစ်ယောက်က

ကိုအမောဟပါခင်ဗျာ

ဟာ မိတ်ဆွေကောင်းတွေပဲ

ကြွပါခင်ဗျာ ကျွန်တော် ခင်ဗျတို့ ၃ ယောက်နဲ့

ရာသက်ပန်မိတ်ဆွေဖွဲ့ချင်ပါတယ်

အိုကေ ရတယ် ခင်ဗျကျွန်တော်တို့နဲ့မိတ်ဆွေဖွဲ့ချင်ရင်

ကျွန်တော်တို့သတ်မှတ်ထားတဲ့စည်းကမ်းကိုလိုက်နာမယ်ဆိုရင်ပေါ့

ဟုတ်ကဲ့ကျွန်တော်လိုက်နာပါ့မယ်

အိုကေ ဒါဆိုဒို့တွေဟာရာသက်ပန်မိတ်ဆွေတွေပဲ

ဟုတ် ကျေးဇူးပါခင်ဗျာ………………………….

Tuesday, September 14, 2010

ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကကဗျာ


မေမေ

ဒီနေ့ကျောင်းမှာ

သမီးကိုယ့်နာမည်ကို

ပေါင်းတတ်သွားပြီ

ဆရာမက မေမေ့နာမည်ရေးပါတဲ့

စာရွက်ဗလာကို ငေးကြည့်ရင်း

မျက်ရည်ကျလာတယ်

မေမေ့နာမည်မှ

သမီးမသိဘဲ မေမေရယ်

ဖေဖေ

လမ်းထိပ်က သူငယ်ချင်းကို

သူ့အဖေက

စက်ဘီးစီးသင်ပေးနေတယ်

သမီးလေ အရမ်းစီးချင်လို့

သူငယ်ချင်းကို ပူဆာမိပါတယ်

သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့

သမီးလည်း ဘယ်ရမလည်း

ပြန်ပြောခဲ့တာပေါ့

သမီးဖေဖေက အဝေးကြီးမှာ

အလုပ်သွားလုပ်တာလို့

ပြန်လာရင် ကားကြီးပါလာမှာ

နင့်ကိုပေးမစီးဘူးလို့

ဖေဖေ လာခေါ်မယ်မှတ်လားဟင်

မြန်မြန်လာပါနော် ဖေဖေနော်

မေမေ

ဒီနေ့ကျောင်းမှာ

သမီးကို လူရည်ချွန်ရွေးတယ်

ဒါပေမဲ့ အုပ်ထိန်းသူပါမှ

ခရီးထွက်ရမယ်တဲ့

သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့

ကျောင်းကားကြီးကိုကြည့်ပြီး

သမီးပြုံးလိုက်တယ်

သမီးမငိုပါဘူး မေမေရယ်

မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး

သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ

တူတူခရီးသွားကြမယ်နော်

ဖေဖေ

ဒီနေ့ဆရာမက

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့

အာဇာနည်တွေအကြောင်း ပြောပြတယ်

စစ်သားဝတ်စုံနဲ့

ခန့်ခန့်ညားညားဖေဖေ့ကို

သမီးမြင်ယောင်ကြည့်တယ်

ဖေဖေကဘယ်လိုလူမျိုးလည်းဟင်

အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို

ချစ်မှာပါပဲ

မေမေ

သမီးဒီနေ့

နေမကောင်းဘူး အားရော့ပြီး

နားထဲကလေတွေထွက်နေတယ်

ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့

အရင်ကရောဂါပြန်ထတာတဲ့

ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား

ပြန်မကောင်းခင်အထိ

သမီးကျောင်းမတက်ရဘူးတဲ့

သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်

သမီးပညာတတ်ကြီးဖြစ်မှ

မေမေနဲ့ဖေဖေတို့ကို

လိုက်ရှာနိုင်မှာလေ

ဖေဖေရေ

အခုလေ သမီးနားမှာ

လူတွေအများကြီးပဲ

ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ့

ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်

သူတို့ကသမီးကိုလာကြည့်ပြီး

သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ

သမီးရယ် မေမေရယ် ဖေဖေရယ်

အတူတူ လက်တွဲထားတဲ့ပုံလေး

သမီးဝမ်းသာလွန်းလို့

မျက်ရည်တောင်ကျတယ်

ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ

သမီးသူငယ်ချင်းက

တိုးတိုးလေးကပ်ပြောတယ်

သမီးက သေတော့မှာတဲ့

သမီးကဘာလို့သေရမှာလဲ

ငယ်ငယ်လေးရှိသေးတာ

မေမေ သူပြောတာမယုံနဲ့နော်

သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့

မေမေ့ကိုလိုက်ရှာမယ်နော်

ဖေဖေ

ဒီနေ့ထူးဆန်းတယ်

သမီးအနားမှာ အားလုံးက

ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့

သမီးကိုကြည့်နေကြတယ်

ဆရာမက သမီးလက်ထဲကို

သမီးမွေးစာရင်းလာထည့်ပေးသွားတယ်

မအားတဲ့ကြားက သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့

ကျေးဇူးတင်လုကိတာ ဆရာမရယ်

ဟင် ခေါင်းထဲမှာ မိုက်ခနဲ

နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့

အားအရမ်းပျော့လာသလိုပဲ

မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ

သမီးမအောင့်နိုင်တော့ဘူး

……..

…………

……………

သမီးအရမ်းမောတယ်

အသက်ရှူရတာအရမ်းခက်… တယ်

မေမေ ဖေဖေ…

သမီးနေကောင်း…သွားရင်

လာရှာမယ်နော်… နော်

စောင့်…စောင့် နေနော်

……………….

………….

…….

*Snowflake*

(ရေးမယ်ရေးမယ်နဲ့ အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့ AIDS ရောဂါသည်

ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ ကဗျာထက် ဒိုင်ယာရီတစ်ခုလိုမျိုး

ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမဲ့

သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့်မရှိခဲ့တာကို သတိပြုမိပါကြောင်း)

source: http://taryarkyalsin.blogspot.com/
ကူးယူပါသည်