Friday, October 8, 2010

တံခါးလာခေါက်သူ..

၁။ ဒေါက် ဒေါက် ဒေါက်

တံခါးလာခေါက်တာဘယ်သူလဲဟေ့

ကျွန်တော်ပါ

ကျွန်တော်ဆိုတာဘယ်သူလဲ

ကိုလောဘပါ

ဘာကိစ္စနဲ့ ငါ့တံခါးကိုလာခေါက်တာလဲ

ကျွန်တော် ခင်ဗျနဲ့မိတ်ဆွေဖွဲ့ချင်လို့ပါ

အော် အော် မင်းကလား

ငါ့ကိုမိတ်ဆွေဖွဲ့မှာ

သနားတယ်မင်းကို

ငါမင်းနဲ့မိတ်ဆွေမဖွဲ့နိုင်ဘူး

ဘာလို့လဲဗျာ

မင်းကငါ့ကို

ခုဘဝတင်မက နောက်ဘဝမှာပါ ဒုက္ခပေးမဲ့ကောင်

ဒါကြောင့်မင်းနဲ့ လုံးဝ မိတ်ဆွေမဖွဲ့နိုင်ဘူး

၂။ ဒေါက် ဒေါက် ဒေါက်….

ဘယ်သူလဲငါ့ တံခါးကိုလာခေါက်တာ

ကျွန်တော်ကိုဒေါသပါခင်ဗျ

ဘာကိစ္စ ငါ့တံခါးကိုလာခေါက်တာလဲ

ကျွန်တော်ခင်ဗျနဲ့မိတ်ဆွေဖွဲ့ချင်လို့ပါဗျာ..

မင်းကလား ငါ့ကိုမိတ်ဆွေဖွဲ့ချင်တာ

ဟုတ်ကဲ့ခင်ဗျာ

မင်းလိုအကြောင်းအကျိုးနားမလည်တဲ့ကောင်းနဲ့ ငါမိတ်ဆွေမဖွဲ့လိုဘူး

မင်းလဲ ငါ့ကို ဒီဘဝမှာလည်းမက

နောက်ဘဝမှာပါ ဒုက္ခပေးမဲ့ကောင်ကို

မိတ်ဆွေဖွဲ့ဘို့လာမပြောနဲ့

နောက်တစ်ခါ ငါ့အိမ်ရိပ်တောင် မင်း လာမနင်းနဲ့

၃။ ဒေါက် ဒေါက် ဒေါက်….

အိမ်တံခါးလာခေါက်တာဘယ်သူလဲ

ကျွန်တော် ကိုမောဟပါခင်ဗျာ..

ခင်ဗျာနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ

ဟေ့ မင်းနာမည်ငါမကြားချင်ဘူး

မင်းငါ့ကိုသံသရာအဆက်ဆက်သတ်ခဲ့ပြီးပြီ

ခုဘဝမှာရော နောက်ဘဝမှာရော သတ်ချင်နေသေးတာလား

ခုထွက်သွားဆန်း မင်းအသံကိုမကြားချင်ဘူး

၎။ ဒေါက်ဒေါက် ဒေါက်။။။

အိမ်တံခါးကိုဘယ်သူတွေလာခေါက်တာလဲ

ကျွန်တော်တို့က ကိုအလောဘ ကိုအဒေါသ နောက်တစ်ယောက်က

ကိုအမောဟပါခင်ဗျာ

ဟာ မိတ်ဆွေကောင်းတွေပဲ

ကြွပါခင်ဗျာ ကျွန်တော် ခင်ဗျတို့ ၃ ယောက်နဲ့

ရာသက်ပန်မိတ်ဆွေဖွဲ့ချင်ပါတယ်

အိုကေ ရတယ် ခင်ဗျကျွန်တော်တို့နဲ့မိတ်ဆွေဖွဲ့ချင်ရင်

ကျွန်တော်တို့သတ်မှတ်ထားတဲ့စည်းကမ်းကိုလိုက်နာမယ်ဆိုရင်ပေါ့

ဟုတ်ကဲ့ကျွန်တော်လိုက်နာပါ့မယ်

အိုကေ ဒါဆိုဒို့တွေဟာရာသက်ပန်မိတ်ဆွေတွေပဲ

ဟုတ် ကျေးဇူးပါခင်ဗျာ………………………….

2 comments:

  1. အော် လောသ ဒေါသ မောဟ ရဲ့ ဆန့်ကျင်ဘက်တွေက
    အလောဘ အဒေါသ အမောဟ တွေပါလား
    အတွေးလေးကောင်းပါတယ်

    ReplyDelete
  2. အချိန်ပေးပြီး စာတွေလာဖတ်တဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်.။
    စာတွေလာဖတ်သွားပါတယ်..။ ဆက်လက်ရေးသားဖို့မျှော်လင့်ပါတယ်.။
    အချိန်လည်းရ..စိတ်ကူးတွေလည်းမရှားပါးဘူးဆိုရင်တော့စာတွေရေးဖြစ်
    နေမှာပါ..။
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete