Tuesday, February 8, 2011

ကိုယ်ကျိုးမသုံးမှ မိတ်ဆွေကောင်း..

ဆရာသမားကောင်း

တစ်ယောက်ဆိုတာ

ကိုယ့်တပည့်ကို

ကိုယ့်ကျိုးအတွက်

အသုံးမချပဲ

လူအများအကျိုး

သာသနာ့အကျိုးအတွက်ပဲ

အသုံးချသင့်ပါတယ်

မိဘကောင်းမှန်ရင်လဲ

သားသမီးတွေအပေါ်

နည်းတူသဘောထားရမှာပါပဲ

ညီအစ်ကိုယ်မောင်နှမကောင်း

မိတ်ဆွေ

အပေါင်းအသင်းကောင်းတွေလည်း

ဒီအတိုင်းပဲပေါ့

ကိုယ်နဲ့ပတ်သက်

ဆက်စပ်လာသူတိုင်းကို

ကိုယ့်အကျိုးအတွက်

အသုံးမချပဲ

သူ့အကျိုးအတွက်

အသုံးချမှ

ကိုယ်ဟာ သူ့အတွက်

မိတ်ဆွေကောင်းပီသပါတယ်။..

မှတ်ချက်/ အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မနှင်းပွင့်) မှ အကြိုက်ဆုံး ဓမ္မစကားစုကို ဖော်ပြလိုက်ပါသည်..

1 comment:

  1. စိတ်ခွန်အားရပြီး အသိတရားတိုးလာစေပါတယ်။
    ဆက်ပြီးတော့လည်း မျှဝေနိုင်ပါစေ။။
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete