Saturday, February 5, 2011

ပေါင်းသင်းရေး

ဘလော့ဂ်မှာစာရေးရတာ အဆင်တော့ပြေသားနော် သူများဘလော့ဂ်တွေမှာရေးထားတာတွေကြည့်ပြီးအားလည်းကျတယ်။ သောစေယျံမှာအားကျတာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သောစေယျံကပျင်းတတ်လို့ပါ၊ နောက်ပြီး ဘလော့ဂ်မှာ ဘာမှစာပေစီစစ်ရေးကိုတင်ပြစရာမလိုဘူး(စာပေစီစစ်ရေးမလိုဘူးဆိုတဲ့နေရာမှာ လူသားတွေအကြိုးပြုစာပေနဲ့ ဗဟုသုတရရှိမည့်စာပေမျိုးကိုဆိုလိုသည်)ခုတော့သူငယ်ချင်းမဟူရာမင်းကြောင့် စာလေးဘာလေးတွေတော့ရေးဖြစ်သားနော်… စာရေးတယ်ဆိုလို့ စာရေးဆရာလို့တော့ အထင်ခံရမှာအရန်းကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ စာရေးရမှာကိုယ်အရမ်းပျင်းတာ၊ ပျင်းတယ်ဆိုတာထက် စာမရေးရဲတာ စာရေးတယ်ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်မယ်ဆိုတာ သိနေလို့ပါပဲ။ နောက်ပြီး သောစေယျံ မှာလည်း ရှက်ရှက်နဲ့ဝန်ခံရရင် မြန်မာစာတောင် သတ်ပုံမှန်အောင်မရေးတတ်ဘူးဖြစ်နေတယ်၊ ရေးတဲ့နေရာမှာတင်သတ်ပုံမမှန်တာမဟုတ်ဘူး၊ စကားပြောတဲ့အခါမှာလဲ မပီဘူးဖြစ်နေတယ်။ စာရေးရင်စာတွေအများကြီးဖတ်ရမယ်ဆိုတာလဲသိပါတယ်။ ဘယ်လိုပြောရမလည်း တို့ဘကြီးက စိတ်မပါရင်ဘာမှမလုပ်ဘူး၊ စိတ်ပါရင် လယ်ဧကတစ်ရာကိုယ် တနေ့ထဲမနားပဲအပြီးထွန်တာ၊ ဒါပေမဲ့ တို့ဘကြီးသေတာ သွားတယ်၊ တစ်ခါမှစိတ်မပါလိုက်ဘူးတဲ့ သူ့ဘကြီးပျင်းတာကိုအမွှန်းတင်တဲ့စကားကြားဘူးတယ်။ ခုလည်း သောစေယျံကြီးကိုယ်အဲလိုပဲပြောရတော့မှာ၊ သောစေယျံကြီးကို စာဖတ်ချင်အောင် အမြဲတိုက်တွန်းတဲ့မဟူရာမင်းကြီးကြောင့် စာလေးတွေတော့အထိုက်အလျှောက်ဖတ်နေမိပါ့ရဲ့၊ စာကမဖတ်လို့လည်းမရတော့ဘူး၊ ဒီပုဂ္ဂိုလ်ကြီးကသောစေယျံဆိုရင်ပြောမယ်ကြည့်ပဲ တစ်ခါတလေမဟူရာမင်းပြောတဲ့စကားတွေကြောင့် ပုထုဇဉ်သဘာဝစိတ်တိုရတာသောစေယျံအတွက်ခဏခဏကြုံရပါတယ်။ ဒါပေမဲ့..အော်..သူကငါ့ကိုယ်ကောင်းစေချင်လို့ပြောတာပဲဆိုပြီးခတ်တည်တည်နဲ့ သဘောထားတော့ သူ့ကိုယ်ကြီးပြလိုက်တယ်။ နောက်ပြီး စာဖတ်ချင်အောင်တိုက်တွန်းယုံတင်မကဘူး၊ စာရေးချင်အောင်လည်းဘလော့ဂ်ဆိုတဲ့စာရေးစရာအိမ်လေးတစ်ခုကိုလည်းဖန်တီးပေးလိုက်သေးတယ်။ သောစေယျံစာရေးပြီးရင်သတ်ပုံတွေမှားနေတတ်လို့ သတ်ပုံလေးဘာလေးလည်းလာစစ်ပေးလိုက်သေးတယ်။ အဲ..မဟူရာမင်းကြီးအစတော့သေချာသတ်ပုံစစ်ပေးပေမယ့်၊ နောက်တော့ လာစစ်မပေးတော့ဘူး။ ကိုယ်တိုင်ဂရုစိုက်ရေးဆိုပြီးမျက်နှာလွှဲသွားတယ်။ သူပြောလိုက်တာက ငါ့ကိုယ်ကြည့် အားကိုးနေရင်မင်းအစွမ်းအစတွေငါကဖျက်စီးနေသလိုဖြစ်နေလိမ့်မယ်၊ ဒါကြောင့် စစ်မပေးတော့ဘူးတဲ့ ရက်စက်လိုက်တဲ့မဟူရာ၊ ဘာပဲပြောပြောလေ ခုတလောမဟူရာမင်း ကောင်းမှုကြောင့် အပေါင်းအသင်းနဲ့ပတ်သက်ပြီးရှောင်ရန် ဆောင်ရန် စာအုပ်တစ်အုပ်ဖတ်မိလေရဲ့၊ ဘယ်လိုလူကိုပေါင်းသင်းရမယ်၊ ဘယ်လိုလူကိုမပေါင်းသင်းရဘူးဆိုတဲ့အကြောင်းတွေရေးထားတဲ့စာအုပ်ပေါ့။ အဲဒီစာအုပ်ထဲကအကြောင်းအရာလေးတွေကိုနည်းနည်းလောက်သူငယ်ချင်းတွေကိုမျှဝေလိုက်မယ်နော်… ဘုရားရှင်က မင်္ဂလသုတ်တော်အစမှာ လူမိုက်ကိုရှောင်ကြဉ်ရမယ်၊ ပညာရှိကိုပေါင်းသင်းရမယ်လို့ဟောခဲ့ပြီးသားပါ ။

လောကမှာ လူတွေကိုလိုက်ကြည့်လိုက်ရင် တို့တွေ့ရမှာက ၁။ လူမိုက် ၂။ လူလိမ္မာ ၃။ ပညာရှိ ဆိုပြီး သုံးမျိုးသုံးစားတွေ့နိုင်ပါတယ်။ အဲဒီထဲကမှကိုယ်ကြိုက်တာကိုရွေးပေါင်းသင်းနိုင်တယ်။ လူမိုက်ကိုယ် ပေါင်းသင်းမယ်ဆိုရင်တော့ အဲဒီလူမိုက်ကမကောင်းမှု မှန်သမျှလုပ်မယ်၊ အမြဲပြဿနာရှာမယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်ကိုယ် ပေါင်းသင်းမယ်ဆိုရင် လက်ရှိဘဝမှာလဲမကောင်း နောင်သံသရာမှာလဲမကောင်းဖြစ်တတ်လို့ ဒီလိုလူမျိုးကိုယ် ဝေးဝေးကရှောင်ကြဉ်တာအကောင်းဆုံးပါ၊ နောက် လူလိမ္မာကြတော့ မကောင်းမှုမှန်သမျှမလုပ်ဘူး၊ လောကသဘာဝအရပြဿနာတစ်ခုခုနဲ့ကြုံလာမယ်ဆိုရင် သူ့မှာလိမ္မာတာကလွဲလို့ ပညာမရှိတော့ ဖြေရှင်းနိုင်ဖို့ခက်လိမ့်မယ်၊ ဒီလိုလူကိုတော့ လူမိုက်ထက်စာရင်ပေါင်းသင့်ပါတယ်။ အဲ..ပညာရှိကြတော့ မကောင်းတာလဲမလုပ်ဘူး၊ လောကသဘာဝအရပြဿနာနဲ့ကြုံလာရင်လည်း သူ့မှာပညာရှိတဲ့အတွက်ဖြေရှင်းနိုင်တယ်။ ဒီလိုပညာရှိကိုပေါင်းသင်းမယ်ဆိုရင်တော့ ပစ္စုပ္ပန် တမလွန်ကောင်းစားမယ်ဆိုတာမြေကြီးလက်ခပ်မလွဲပါ။ ဒါကြောင့်တို့တတွေဟာ ကိုယ့်ဘဝကိုယ် အကောင်းဆုံးဖြစ်အောင်လမ်းညွှန်ပေးနိုင်သော ပညာရှိမျိုးကိုရွေးပေါင်းသင့်တယ်လို့ပြောချင်ပါတယ်။ လောကပြောစကားအရ အပေါင်းသင်းကြောင့် ဂုဏ်တက်၊ အပေါင်းသင်းကြောင့်ဂုဏ်ပျက်ဆိုတာရှိသောကြောင့် လူတိုင်းလူတိုင်းဟာဂုဏ်တက်ချင်သူတွေကြည့်ပါ၊ ဒါကြောင့် တကယ်ဂုဏ်တက်ချင်တယ်ဆိုရင်ပေါင်းသင်းရေးမှာလည်း ရွေးချယ်ဘို့လိုလိမ့်မယ်ထင်ပါတယ်။ ဘာပဲပြောပြောလေ မိမိကိုယ်သာ ကိုးကွယ်အားထားရာလို့ ဘုရားရှင်ဟောထားတဲ့အတိုင်း ကိုယ်ကအပေါင်းသင်းကောင်းနဲ့ပေါင်းမိပြီး(ပညာရှိ)အပေါင်းသင်းကနည်းလမ်းကောင်းတွေညွှန်ပြပေမဲ့လိုက်နာတာ မလိုက်နာတာကတော့ မိမိအပေါ်မှာမူတည်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အပေါင်းသင်းက ညွှန်ပြပေးယုံသာ တတ်နိုင်လို့ပါပဲ၊ ကဲ..ဒါကြောင့် ပထမဆုံးအပေါင်းသင်းကိုရွေးချယ်ပြီးပေါင်းသင်းနိုင်ပါစေ၊ အပေါင်းသင်းကကောင်းတာတွေညွှန်ပြတာကို၊ ကိုယ်တိုင်လည်းလက်ခံကျင့်သုံးနိုင်ပါစေလို့ပြောရင်း …………..

2 comments:

  1. ဒီပို့စ်ကတော့ကွာ...ရင်ထဲမှာ အထိဆုံး၊ဘဝင်စွဲကာ အငြိဆုံးပါပဲ သောစေယျံရယ်။ အဲလောက်ကြီးထိတော့ မလိုပါဘူး။ ဘာဖြစ်ချင်လဲ ဘာလိုချင်လဲပြော။ :))

    ReplyDelete
  2. စကားပြာရင်လဲမပီဘူးဆိုတော့ ကိုသော်စေယျံ ကဘာလူမျိုးလဲဟင်....
    လာရောက်အားပေးသွားပါတယ်ဗျာ ...ဆက်သာရေး... :)

    ReplyDelete