ရင်ခွင်ပိုက်ကလေးငယ်များက
မိခင်ရဲ့မေတ္တာကိုစိန်ခေါ်တယ်
ရင်ခွင်လွတ်အရွယ်ကစပြီးဖခင်ရဲ့အမြော်အမြင်နဲ့
ဦးဆောင်ညွန်ပြနိုင်စွမ်းကိုစိန်ခေါ်တယ်
လူရွယ်လူလတ်တို့ရဲ့အရည်အချင်းကိုလောကကြီးကစိန်ခေါ်တယ်
သက်ကြီးရွယ်အိုတို့ကသားသမီး။မြေးများနဲ့
လူငယ်တို့ရဲ့ကျေးဇူးသိမူနဲ့ မေတ္တာတရားကိုစိန်ခေါ်တယ်
လောကဓံတရားကအရွယ်ရောက်သူတိုင်းကိုစိန်ခေါ်တယ်
ကံတရားကတုံ့ပြန်မူအားလုံးကိုစနစ်တကျမှတ်တမ်းတင်လိမ့်မယ်။
No comments:
Post a Comment