Tuesday, May 1, 2012

ကြွေရွက်စောတဲ့သူငယ်ချင်းရယ်..

မညှာမတာသွန်းဖြိုးနေသောမိုးရေမိုပေါက်တို့ရဲ့အောက်မှာ ကျွန်တော်တစ်ယောက်ထည်ရပ်နေမိတယ်လေ သက်ရှိလူသားတစ်ယောက်ကျွန်တော်ကလွဲလို့ဘယ်သူများရှိနိုင်အုံးမှာလဲ ကိုရွှေမိုးကလဲ အငြိုးကြီးစွာရွာသွန်းနေလေရဲ့ ကျွန်တော်ရဲ့ပါးပြင်ပေါ်ကမျက်ရည်တို့သည် မိုးရေတို့နဲ့အတူမြေမှာခခဲ့ပြီကော
ရင်ထဲမှာ နှမြောခြင်း သတိရခြင်း လွမ်းဆွတ်ခြင်းတို့ဟာလဲ အဆုံးမဲ့ပေါ့ မျက်ရည်ကြားမှ မုန်ဝါးဝါးမြင်နေ
ရတဲ့အထီးကျန်လွန်းသည့်အုတ်ဂူတစ်ခု
သူ.. သူ့မိသားစုနဲ့ကျွန်တော်တို့လောကကြီးကိုစွန့်ခွာသွားသူရဲ့အုတ်ဂူဖွေးဖွေးလေး…..
နောက်အုတ်ဂူးဖွေးဖွေးလေးပေါ်မှာ အနက်ရောင်စာသန်းလေး တွေ့ပါပြီး (မောင်…) အသက်၂၀ ဆိုတာလေးကိုပေါ့ အော်….ကွယ်လွန်သွားတာစောလှသည် သေမင်းကသူ့ကိုမညှာတာခဲ့
ခုအချိန်မှာတော့ ဘာများတတ်နိုင်တော့မှာလဲသူငယ်ချင်းရယ် မင်းချစ်တဲ့မိသားစုကို မင်းအပြီးအပိုင် ဥပေက္ခာပြုလိုက်ပြီကော..
ရင်ထဲမှာမွန်းကြပ်စွာ (တောက်)တစ်ချက်ကိုပြင်းစွာခေါက်ရင်း ကွယ်လွန်သူ သူငယ်ချင်းအုတ်ဂူရှေ့မှာ သူငယ်ချင်းအကြောင်းတွေးယင်း ကျွန်တော့စိတ်တို့သည် ဟိုး…အတိတ်ဆီသို့ဦးတည်လို့သွားခဲ့ပြီကော…………
သူရယ်ကျွန်တော်ရယ်အရမ်းချစ်လိုက်ကြတဲ့သူငယ်ချင်းတွေပေါ့ နှစ်ယောက်သားကျောင်းသွားအတူတူ ကျောင်းပြန်အတူတူ တတွဲတွဲမခွဲပဲနေခဲ့ကြတဲ့သူငယ်ချင်းတွေရယ်ပါ သူပေါ့ ကျောင်းစာလဲမနားမနေကြိုးစားသလို
ဗဟုသုတရမဲ့စာပေတွေလဲ အမြဲဖတ်နေသူ သူဟာတကယ့်ပညာတတ်ကြီးဖြစ်ချင်နေခဲ့သူ သူအမြဲပြောတာကတော့ ဒို့ဘဝကဆင်းရဲတယ် ဒါကြောင့်ပညာရေးသာလျှင်ဒို့တွေရဲ့ဘဝလွတ်မြောက်ဘို့ တစ်ခုထဲသောမျှော်လင့်ချက်ဖြစ်တယ် ဒါကြောင့်ပညာရေးကိုကြိုးစားရမယ် အဲလိုအမြဲပြောခဲ့သူလေ ဒါပေမဲ့ကံကြမ္မာရဲ့ကြည်စားမူ့ကြောင့် သူရဲ့ရည်မှန်းချက်တွေရေတိမ်နစ်ခဲ့ရတ်လေ ဘာကြောင့်လည်ဆိုတော့ သူတို့မိသားစုရဲ့အားထားရာမြင်မိုရ်တောင်ကြီးပြိုခဲ့လို့ပါပဲ
သူ့အဖေကို မရဏမင်းနိုင်ငံတို့ခေါ်ဆောင်ခြင်းခံလိုက်ရတဲ့အတွက် ပူဆွေးခြင်း ဝမ်းနည်းခြင်းနဲ့အတူငိုကြွေးနေတဲ့ သူငယ်ချင်းကိုဘယ်လို့နှစ်သိမ့်ရမလဲ
ကိုယ်ပါသူငယ်ချင်းကိုကြည့်ပြီးမျက်ရည်မကျအောင်ထိန်းရင်း အားပေးယုံကလွဲလို့ဘာတတ်နိုင်မှာလဲ အော်..လောကဓံ လောကဓံ ဆိုတာဒါပဲလား
အကိုကြီးအဖအရာ ဆိုသလို အသက်ငယ်ငယ်နဲ့ မိသားစုရဲ့တာဝန် နောက်ညီငယ်တွေရဲ့ပညာရေး အရာအားလုံးဟာ သူ့ပခုံးပေါ်သို့ အလိုလိုကျလာခဲ့တဲ့အတွက် ပညာသင်ခြင်းမှစောစီးစွာကျောခိုင်းခဲ့ရတယ်လေ..ဖခင်မရှိတဲ့နောက်ပိုင်းဖခင်ရဲ့လက်ငုတ်ရင်းမြင်းလှည်မောင်း
ခြင်း အလုပ်ကိုဆက်လုပ်ခဲ့ရတယ်လေ နောက်ပိုင်း.. သူ ဘယ်လောက်ပဲအလုပ်တွေပင်ပန်းပါစေ အမြဲတမ်းအလုပ်ကိုတက်တက်ကြွကြွလုပ်ရင်း……………… သူပြောတဲ့စကားက ငါငယ်ငယ်ရွယ်ရွယ်နဲ့ငါ့အမေ့ကိုလုပ်ကြွေးခွင့်ရတယ် ငါပညာဆက်မသင်နိုင်တော့ပေမဲ့ ငါ့ညီတွေကိုပညာတတ်တွေဖြစ်အောင် ငါရှေ့က မားမားမတ်မတ်ရပ်တည်ပေးရမယ် ခုချိန်မှာ မိသားစုကငါ့ကိုမှီခိုနေရတယ် ဒါကြောင့် ငါ့ရဲ့ဆန္ဒတွေကိုမျိုသိပ်ပြီး ငါတက်တက်ကြွကြွနေပြမှ သူတို့လေးတွေအားမငယ်မှာ…သူလေ အဲဒီလိုကျွန်တော့ကိုပြောတဲ့အချိန်တုန်းက ကျွန်တော့ရင်မှာမချိခဲ့ဘူး
တနေ့ ကျွန်တော် သူတို့မြင်းလှည်းဂိတ်ကိုရောက်တော့ သူ့ကိုမတွေ့ခဲ့ဘူ့း ဒါနဲ့နေ့လည်စာ ထမင်းစားနေတဲ့မြင်းလှည်သမားတွေကိုအမေးမှာ သူတို့ထဲကတစ်ယောက်ကသူငယ်ချင်းရှိနေတဲ့နေရာကို လက်ညိုးညွန်ပြတယ်လေ ကျွန်တော်လဲ မြင်းလှည်းသမားလက်ညိုးညွှန်ပြရာကိုထွက်လာခဲ့တယ် သူလေတစ်ယောက်ထဲထမင်းစားနေတယ် ကျွန်တော့ကိုသူမြင်တော့ သူငယ်ချင်းထမင်စားအုံးလေတဲ့ ကျွန်တော်လဲ ငါစားပြီးပြီလို့ဖြေရင်း သူနားကိုကျွန်တော်ထိုင်လိုက်တယ်ကျွန်တော် သူငယ်ချင်းကိုမေးလိုက်တယ် "သူငယ်ချင်း ဟိုလူတွေနဲ့ဘာလို့ထမင်းအတူတူမစားတာလဲလို့မေးလိုက်တယ်" သူက အော်သူငယ်ချင်းရယ် သူတို့ကဟင်းအမြဲကောင်းတယ်လေ ငါက တစ်လနေလို့တခါကောင်းတာမဟုတ်ဘူး ဒါကြောင့်သူတို့ကိုအားနာလို့ အတူတူမစားတာပါ သူတို့ကငါ့ကိုအတူတူစားဘို့ခေါ်ပါတယ် ငါကကိုသွားမစားတာပါ လို့်ကျွန်တော့ကိုပြန်ပြောတော့ ကျွန်တော်က ဟာကွာ အချင်းချင်းတွေပဲ သူတို့လူမူ့ရေးနားလည်လောက်ပါတယ်လို့ပြောလိုက်တော့ သူကပြန်ပြောတယ် ဟုတ်ပြီသူငယ်ချင်း ငါကအမြဲကောင်းကောင်းစားနိုင်တဲ့ကောင်မဟုတ်ဘူး ဒါကြောင့် ငါ့ဘက်ကသူတို့ပေါ်ကိုလူမူ့ရေးနားမလည်သလိုဖြစ်မှာဆိုးလို့အတူတူသွားမစားတာပါတဲ့ ……အော်သူငယ်ချင်းရယ်……………
ဒါနဲ့ကျွန်တော်လဲ သူငယ်ချင်း ထမင်းစားပြီး လက်ဖက်ရည်သွားသောက်ရအောင်ဆိုတော့ သူပေါ့ ခေါင်းခါလိုက်တယ်လေ ဟာ..သူငယ်ချင်းကလဲ ငါတိုက်မှာပါဟလို့ပြောတော့ ဘယ်သူတိုက်တိုက်ငါမသောက်ချင်ဘူးတဲ့ ခုန ငါပြောသလိုပေါ့တဲ့မင်းဘက်ကဘော်ဒါကဏ္ဍ အနေနဲ့ပဲဖြစ်ဖြစ် လူမူ့ရေးအရပဲဖြစ်ဖြစ် ငါဘက်ကလူမူ့ရေးနားမလည်ရာကြမှဆိုးလို့ပါ နောက်ပြီးသူပြောတယ် ဟိုတုန်းက ဒို့သူငယ်ချင်းတွေလက်ဖက်ရည်ကြိုက်လွန်းလို့ကျောင်းဆင်းတိုင်းအိမ်ကပေးတဲ့မုန့်ဖိုးလေးတွေနဲ့အတူတူသွားသောက်ကြပေးမဲ့ ငါခုမသောက်တော့ဘူး တဲ့ ငါလက်ဖက်ရည်မသောက်ရင် ငါ့ညီလေးတွေကိုမုန့်ဖိုးပိုပေးနိုင်မယ်တဲ့
အော် သူ့ညီလေးတွေအတွက် သူကြိုက်တတ်တဲ့လက်ဖက်ရည်တောင် စွန့်လွှတ်လိုက်ပြီးကော……………..
တနေ့သူငယ်ချင်းဆီကိုကျွန်တော်သွားပြီး မင်းအမေလုပ်ရပ်မကောင်းဘူးကွာလို့ပြောလိုက်တယ် ဘာလို့ဒီလိုပြောလိုက်ရတာလဲဆိုတော့ သူ့အမေက အလွန်ဆုံးအသက်ရှိမှ ၄၀ ပေါ့ နောက်အိမ်ထောင်ပြုသွားတယ်လေ သူလေ သူ့အမေကိုအရမ်းချစ်တာ သူ့အမေပင်းပန်းမှာစိုးလို့ဆိုပြီး ထမင်းတောင်မချက်ရဘူး သူ့အမေကို သူ မျက်နှာတစ်ချက်ငြိုးသွားမှာကို လုံးဝသူမမြင်လိုသူ ဒါကြောင့် သူကကျွန်တော့ကိုကြည့်ပြီး အော် အမေစိတ်ချမ်းသားရင် ပြီးတာပါပဲတဲ့ ညှိးငယ်စွာကျွန်တော့ကိုပြန်ပြောခဲ့တယ် သူကဆက်ပြီး ကျွန်တော်ကိုပြောတယ် သူငယ်ချင်းငါ့ညီလေးတွေအရွယ်ရောက်ပြီ အကြီးကောင်ဆိုရင် တော်တော်အရွယ်ရောက်လာပြီ အခုထိကိုရင်မဝတ်ရသေးဘူး ငါ့တုန်းကလဲ သင်္ကန်းမဝတ်ခဲ့ရဘူး ငါအရွယ်ရောက်တော့ ကိုရင်ဝတ်ချင်လိုက်တာကွာ အိမ်ကစီးပွားရေးကလဲ မင်းအသိပဲ သူများကလေးတွေ မောင်ရှင်လောင်းဝတ်စုံကြီးနဲ့မြင်းကြီးစီးနေတာကိုမြင်တော့ ငါတိတ်တဆိတ်အားကျခဲ့ပေမဲ့ ငါ့အားကျခဲ့တာတွေတကယ်ဖြစ်မလာခဲ့ဘူး ဒါကြောင့်ငါ့ညီလေးတွေလဲ ငါ့လိုပဲခုအချိန်မှာ မောင်ရှင်လောင်းဝတ်စုံကြီးကိုစိတ်ကူးနဲ့ဝတ်ချင်နေကျမှာကွ ဒါကြောင့်ငါဖားကန့်ဘက်ကိုအလုပ်သွားလုပ်တော့မယ် အဲဒီမှာအလုပ်လုပ်ရင်ငွေတော်တော်ရတယ်လို့ကြားတယ် ဒါမှငါ့ညီလေးတွေကိုရှင်ပြုပေးနိုင်မှာ…… . ဒါနောက်ဆုံးသူ့ဆီကကြားခဲ့ရတဲ့စကားပါပဲ
အော် သူငယ်ချင်း မင်းရဲ့မိသားစု့အပေါ်မှာထားတဲ့ စိတ်ဓာတ်ကတော့ တကယ်လေးစားထိုက်ပါပေတယ်သူငယ်ချင်းရယ်..
အဲဒီနောက် ကျွန်တော်က ကျွန်တော့ပညာရေးအတွက် ရန်ကုန်မြေကိုစပြီးချေနင်းခဲ့ရတယ် သူငယ်ချင်းကတော့ သူ့ညီလေးတွေရှင်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူအလုပ်လုပ်မဲ့နေရာကိုသွားခဲ့တယ်လေ နောက်တစ်နှစ်ပြည့်လို့ကျွန်တော်ရွာကိုပြန်လာခဲ့ပေမယ့် ဆီးကြိုနေတဲ့သူငယ်ချင်းသတင်းကတော့ သူအလုပ်လုပ်ရင်းငှက်ဖျားမိလို့ရွာပြန်လာပြီး တစ်ပတ်အကြာမှာ ဆုံးသွားတယ်ဆိုတဲ့သတင်းပါပဲ……
အတိတ်ဆီသို့လွင့်မျောနေတဲ့စိတ်တွေပြန်လည်စုစည်းမိတဲ့အခါမှာတော့
ကိုရွှေမိုးတောင် စဲသွားခဲ့ပြီးလေ ကျွန်တော်လဲ သူငယ်ချင်းအုတ်ဂူလေးစီကနေ နွမ်းလျှသောခြေလှမ်းတို့နဲ့အတူ ရွာဆီသို့ဦးတည်လျှက်……………………….


No comments:

Post a Comment