မီးပမာလို လောင်ကျွမ်း
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။
ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။
မီးဆယ့်တစ်ဖြာ လောင်ကျွမ်းပါသော
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်မှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ) November 26- 2010
အာ..ပါးးးပါးး ထင်သာမြင်သာလိုက်ပုံများ....း)
ReplyDelete“မီးပမာလို လောင်ကျွမ်း
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။”
ဒီဇရပ်ပျက်ကြီးကို အလှဆင်နေရတုန်းပါပဲ
စာရေးသူရှင်။
တကယ့်ကို ဖျက်ပစ်လိုက်ချင်ပေမဲ့....
ခင်မင်လေးစားလျှက်...ခင်မာလာအောင်.:)
တပုဒ်လုံး ကောင်းပါ့ဗျာ
ReplyDeleteခေါင်းစဉ်လေးနဲ့တင် ထိထိမိမိ ရှိလှတယ်။
အင်း...
ReplyDeleteအဲ့ ဒီလို သံဝေဂ တရား ပဲလေ ။
ရဘို့ ခက်နေတာပါပဲ။
ကျွန်တော်လည်း ရ သလိုနဲ့ မရသေးတာ။
သိသလိုနဲ့  မသိ သေးတာလေ။
နောက် သိ သလောက် ရေးကြည့် အုံးမယ်ဗျာ။