Wednesday, November 10, 2010

ဘုရား ဘယ်မှာရှိလဲ?

Where is the Buddha?

By k-sri dhammananda

ဘုရား ဘယ်မှာရှိလဲ?(ပထမပိုင်း)

ဘာသာပြန်ဆိုသူ ……သုအရှင်

မြတ်စွာဘုရား ဘယ်ကိုကြွလဲ အခု မြတ်စွာဘုရားဘယ်မှာနေလဲ စသဖြင့်..လူတွေကအမြဲတမ်းမေးကြတယ် ဒီမေးခွန်းဟာ ဘာသာတရားနဲ့မရင်းနီးသူတွေအတွက်အဖြေပေးရအလွန်ခက်ပါတယ် ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာ ဘဝကိုလောကီအမြင်နဲ့သာ ရှုမြင်ကြလို့ပါ ဘုရားအကြောင်းကိုလဲသိဘို့ခက်ခဲပါတယ် အချို့ သာသနာပြုပုဂ္ဂိုလ်များက ဗုဒ္ဓဘာသာဝင်တွေထံချဉ်းကပ်ပြီး မင်းတို့ဘုရားကထာဝရဘုရားမဟုတ်ဘူး လူမျှသာပဲ ပြီးတော့သေသွားပြီး သေသွားတဲ့သူကို ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲလို့ မေးကြတယ် ဒီနေရာမှာ နားလည်ရမယ့် အချက်က မြတ်ဗုဒ္ဓဟာ လူနတ်တို့၏ဆရာလို့ အဓိပ္ပါယ်ရတဲ့ သတ္ထာဒေဝမနုဿာနံဂုဏ်တော်ရှင်ဖြစ်တယ်ဆိုတာပါပဲ ပြဿနာရှိတဲ့ အခါတိုင်း နတ်တွေဟာမြတ်ဗုဒ္ဓထံ ချဉ်းကပ်ပြီး အကြံဥာဏ်ယူကြရတယ် ဒါကြောင့် သူတို့ဟာ မြတ်ဗုဒ္ဓကိုဆရာအဖြစ်သတ်မှတ်ပြီးအရိုအသေပြုကြတယ်။

ဝိညာဏ်တော်ဝါဒ

သိပ္ပံပညာအလိုအရလူတို့ရဲ့စိတ်နဲ့ ပညာဖွံ့ဖြိုးတိုးတက်လာဖို့နှစ်သန်းပေါင်းများကြာခဲ့တယ် စိတ်မဖွံ့ဖြိုးခင်မှာသဘာဝကိုထိန်ချုပ်တဲ့အား အစွမ်းရှိတယ်ဆိုတာ လူတွေသတိပြုမိလာကြတယ် သဘာဝအလုပ်လုပ်ပုံကို အမှန်အတိုင်းမသိကြတဲ့ အတွက်ကြောင့် ဒီအဖြစ်အပျက်တွေကိုဖန်ဆင်းတဲ့သူ ထိန်းချုပ်တဲ့သူတစ်ယောက်တော့ရှိရမယ်လို့ သူတို့ထင်လာကြတယ် သူများရှင်းပြဖို့ရာအတွက် ဒီသဘာဝအစွမ်းကို အကောင်အထည်အဖြစ်ပြောင်းယူလိုက်ကြပြီး ပုံသဏ္ဍာန်အနေနဲ့ ရုပ်ထု ပန်ချီအဖြစ်ထုလုပ်ကိုးကွယ်ခဲ့ကြတယ် အဲဒီရုပ်ထုတွေဟာ လူတွေမကောင်းတာ မလုပ်အောင် ကောင်းတာလုပ်အောင် တိုက်တွန်းရာမှာ အရေးပါခဲ့ကြတယ် လူတွေဟာကြောက်ခြင်း စိုးရိမ်ခြင်း မလုံခြုံခြင်းတွေနဲ့ အမြဲတမ်းနပန်းလုံးနေရလို့ကာကွယ်စောင့်ရှောက်ဖို့ရာ အတွက် တစ်ယောက်ယောက်လိုအပ်နေတယ် နောက်ဆုံးတော့ ဒီစွမ်းအားဟာ တစ်ခုတည်းသော ဘုရားသခင်အဖြစ် အသွင်ပြောင်းသွားတယ် ယနေ့ခေတ်အချို့သော ဘုရားသခင်အဖြစ်ကို အသွင်ပြောင်းသွားတယ် ယနေ့ခေတ် အချို့ပုဂ္ဂိုလ်တို့ဟာ အရာရာတိုင်းအတွက် ဘုရားသခင်အပေါ်မှာပဲ မှီခိုနေကြတယ် ဒါကြောင့် ဒီကမ္ဘာရဲ့အပြင်ဘက်ကောင်းကင်မှာ အမြဲတည်တဲ့ ထာဝရဝိညာဏ်တော်ဆိုတဲ့ အယူအဆကိုတည်ထွင်ကြတယ် အမြဲတမ်းတည်နေချင်တဲ့သဘောပေါ့ ဗုဒ္ဓအမြင် မြတ်ဗုဒ္ဓကတော့ တည်နေတဲ့အရာတိုင်းဟာ မမြဲဘူး ပြောင်းလဲနေတယ် ပျက်စီးနေတယ်လို့ဟောခဲ့တယ် မြတ်ဗုဒ္ဓရဲဘဝကိုပြန်လည်ဆန်းစစ်တဲ့အခါ သူ့ကိုသူ ဘုရားအဖြစ် ဘုရားသခင်ရဲတမန် တော်အဖြစ် တခြားဘုရားတစ်ဆူရဲ့ လူဝင်စားအဖြစ် သုံးနုံးခဲ့တာမတွေ့ရဘဲ အသိဥာဏ်အထူးကိုရသူ ဘာသာရေးဆရာအဖြစ်သာသုံးနုံးခဲ့တာတွေ့ရတယ် ဒါကြောင့် သူကိုဘယ်သူကမျှဖန်ဆင်းထားတာမဟုတ်သလို လူဝင်စားလည်းမဟုတ်ပါဘူး တကယ်တော့ရှည်ရှားသော ကာလအတွင်းမှာပါရမီလို့ခေါ်တဲ့ ကောင်းတဲ့ သီလ သမာဓိ ပညာ တရားတို့ကို တစ်ဘဝပြီး တစ်ဘဝပွားများအားထုတ်ခဲ့တဲ့ လူထူးတစ်ယောက်သာဖြစ်တယ် ထိုတရားကောင်းတွေပြည့်စုံတဲ့အခါ သမ္ဗောဓိဆိုတဲ့ ဘုရားအဖြစ်ကိုရတာပါ အဲဒီအခါစကြာဝဠာကြီး အလုပ်လုပ်ပုံကိုသိတယ် ဒီစကြာဝဠာကြီးကိုဖန်ဆင်းတဲ့ ဘုရားသခင် မရှိဘူးဆိုတာသိလာတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ခံယူချက် တခါ လူတွေကဘယ်သူ့ဆီကမျှ အကူအညီမရဘဲ ဘယ်လိုလုပ်ပြီး ဘုရားဖြစ်မှာလဲလို့မေးကြတယ် လူတိုင်းဟာ အားလုံးကိုသိတဲ့အထိ မိမိရဲ့စိတ်ကိုပွားများနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေခံယူထားကြတယ် မန ဆိုတာစိတ်ပါ မနုဿဆိုတာ မိမိရဲ့စိတ်ကိုအမြင့်ဆုံးပွားများနိုင်တဲ့လူသားပါ လောကမှာလူသားကလွဲလို့ဘယ်သက်ရှိမှ မိမိရဲ့စိတ်ကိုသမ္ဗောဓိကိုရသည်အထိ မပွားများနိုင်ပါဘူး ဒါကြောင့် နတ်တွေ တောင်မှ ဘုရားမဖြစ်နိုင်ဘူး နတ်တွေဟာ လောကီစည်းစိမ်းတွေနဲ့ပြည်စုံတဲ့ဘဝတော့ရပါရဲ့ သို့သော် သူတို့ရဲ့အတွေးအခေါ်တွေဟာသိပ်နိမ့်ကျတယ် လူသားသာလျှင်ဘုရားဖြစ်နိုင်တယ်။

ဒုတိယပိုင်းမျှော်..

No comments:

Post a Comment