:
ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်
စံပယ်ဖူးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့်
သူမှာကိုယ်မှာ အလှသာတည့်
သဘာဝလျှင် အလှကိုယ်စီ
စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
ဝန်တိုမှုသာ မလှရာတည့်
သူဂုဏ် သူသိန် သူအရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဋ္ဌာနအလျှောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား........
♥♥တင်မိုး♥♥
Saturday, October 2, 2010
: ♥♥ အလှကိုယ်စီ ♥♥♥
Subscribe to:
Post Comments (Atom)
ဟီ..ဟီ.!! ကောင်းကောင်းနဲ့ ဖတ်နေတာ တယ်ဟုတ်ပါလားလို့။ သောစေယျံ နဲ့
ReplyDeleteဇလဂ္ဂတို့တော့ လက်စွမ်း တယ်ထက်နေပါလားလို့ ဖတ်ရင် မနာလို ဖြစ်နေတာ
လက်စပ်သပ်တော့ ကော်ကြီးပဲနော်..အဟက်!!!..ဘာပဲဖြစ်ဖြစ် ဆရာတင်မိုးရဲ့
ဒီစေတနာကဗျာလေးကတော့ တကယ်ကို မှတ်သားလောက်စရာလေးပါပဲ။
ကောင်းပါတယ်..ကောင်းပါတယ်..အားလုံးကောင်းပါတယ်ဗျာ။ သောစေယျံ
ကြီးလည်း ဇောတွေ မာန်တွေသွင်းပြီး..ဖန်းဆင်းလိုက်စမ်းပါဗျာ..အားပေးပါ
တယ်ဗျို့။