Saturday, October 2, 2010

သူငယ်ချင်းမို့လွမ်းရပါသည်



မညာစတမ်း မကြာမကြာလွမ်း
အညာတမာတန်းက အခါအခါမှန်း
ချစ်ဖော်ကျွမ်း တစ်မြေသူ။
အခြားတစ်မြေမှာနေ ချစ်ကျွမ်းဆွေနှင့်
အနေဝေးသော်လည်း
အတွေးမှာပ အစဉ်ထာဝရ
ကျင်သူဆွေထံ အပြေးလာချင်လှ။
အင်း…တွေ့ချင်ပ မင်းရှိရာ လာချင်ပ ခဏလေး
မေ့မရ မြသဲညှာ လွမ်းစိတ်မှာတော့ တရေးရေး။
ထနောင်းရိပ်ဝေ အညာနွေ (အညာမြေ) အလှတွေနှင့်
အပေါင်းချစ်ဆွေ မာစေသာစေရယ်လို့
အလှဝေ မေတ္တာတွေချွေလိုက်ပ
စုံစွာစုံစွာ ဝေဆာဝေဆာ အလှပန်းတွေက
ရဂုံပြာပြာ စမ်းတမြမြလိုပ
အိုကွယ်…ချစ်သူငယ်ချင်းရေ
မှန်းဆ တမ်းတ လွမ်းရ။
(မေ့သားလှ 05-08-2010)
အညာမြေ သူငယ်ချင်းသို့ အမှတ်တရ

No comments:

Post a Comment