Saturday, October 23, 2010

ဝေဘန်ကြတယ်ဆိုရာဝယ်..

မနက်စောစော အိပ်ရာကထ အင်တာနက်ဖွင့်ပြီး အင်တာနက်စာမျက်နှာတွေကိုလိုက်ပြီးဖတ်ရ မှတ်ရတာတော်တော်လေး အရသာရှိတယ် ကိုယ်တိုင်က ဘာမှမရေးတတ်သေးတော့ သူများရေးတာတွေကို လိုက်ပြီး အတုယူရတာလေ ဘာသာရေးစာတွေလဲဖတ်ရ နောက် ဗဟုသုတဖြစ်စေတဲ့ စာတွေလဲဖတ်ရ အတော်လေးကို ကောင်းပါတယ် စာတွေဖတ်တိုင်းလဲ ငယ်ငယ်ကရခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ်ကိုသွားသတိရတယ် ဝန်ကြီးပဒေသရာဇာ ရေးတဲ့ကဗျာလေ ဘာတဲ့………….. စာပေဝတ္ထု ရတုကဗျာ ပျို့လင်္ကာနှင့် သာသည့်သီချင်း ဧည့်စောင်းညှင်းကို မကင်းမပြတ် ရွတ်ဖတ်လေ့ကျက် တီးမူတ်လျှက်သာ နေကောင်းရာ၏..ဆိုတာလေ မှန်လားတော့မသိဘူး ကိုယ်ရထားတာ ကလေးဘဝကလေ ကြာပြီးဆိုတော့ လွဲသွားရင်တော့ ခွင့်လွတ်နော် ..

ဘလော့ဂ်တွေမှာ စာတွေလိုက်ဖတ်ရတာလဲ တော်တော်လေးဗဟုသုတ ရတော့ အရမ်းလဲ ပျော်တယ် စာတွေဖတ်ရတာ တခါတလေ စိတ်လဲမကောင်းဘူး ဘာလို့စိတ်မကောင်းတာလဲဆိုတော့ မိုက်ရိုင်းတဲ့ စကားလုံးတွေသုံးပြီး ဆဲတာဆိုတာတွေကို တွေ့ရလိုရလေ ဘာပဲဖြစ်ဖြစ်လေ မိုက်ရိုင်းတဲ့ အသုံးအနုန်းတွေနဲ့ စီဗောက်မှာရေးခဲ့တယ် ရေးထားခဲ့တဲ့ လူတွေကိုအပြစ်လဲမတင်ချင်ပါဘူး အဲတစ်ခုတော့ပြောချင်တာပေါ့ ယဉ်ကျေးတဲ့ လူ့ဘောင်အဖွဲ့စီးမှာနေနေပြီးတော့ ငါတကယ်ယဉ်ကျေးနေပြီးလားလို့ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လိုက်ပေါ့ တချို့ကြတော့လဲ ပတ်ဝန်းကျင်မှာ လူတွေအထင်ကြီးအောင် ယဉ်ကျေးနေတဲ့ပုံစံနဲ့ ဟန်ဆောင်နေကြပေမဲ့ ကွယ်ရာမှာ ထင်ရာစိုင်းနေတဲ့ လူတွေလဲ အများသား ဘယ်လိုပဲ ပတ်ဝန်းကျင်မှာ ယဉ်ကျေးသလိုဟန်ဆောင်ပြီး နေပြပေမယ့် ကိုယ့်အတွင်းစိတ်ကိုတော့ ဟန်ဆောင်နေလို့မရပါဘူး နောက် တချို့ဘလော့ဂ်မှာ ရေးထားတာတွေကြတော့လဲ ဝေဘန်ပြီးရေးထားတာတွေ တွေ့ရတယ် တစ်ယောက်ကိုတစ်ယောက်ဝေဖန်ထားလိုက်ကြတာ ဒီနေရာမှာ ဝေဘန်တာလေးနဲ့ ပတ်သက်ပြီး နည်းနည်းပြောကြည့်ရအောင်နော် ကိုယ့်သိသလောက်ပေါ့ ….တချို့ကြတော့ အမှားတွေထောက်ပြပြီး ဝေဖန်လိုက်တယ် မှားနေတဲ့အရာကိုမှန်အောင်တော့ ပြန်ပြီးနည်းလမ်းမှန်ကိုတည့်မပေးတတ်ကြဘူး တချို့ကြတော့လဲ မှားနေတဲ့အရာကို စေတနာနဲ့ မှားကွက်တွေကိုထောက်ပြပြီးအမှန်လမ်းကြောင်းပေါ်ကိုတင်ပေးလိုက်တယ် အဲလိုဝေဘန်းပြီး အမှားထောက်ပြတဲ့ လူကြတော့ တော်တော်လေး လေးစားမိတယ် ဒါကြောင့်လဲ မြတ်စွာဘုရားက ဝေဖန်းရေးသမားဟာ အမှားကိုထောက်ပြခြင်းနဲ့ အမှန်ကိုအစားထိုးပေးခြင်းဆိုတဲ့ မျက်လုံးနှစ်လုံး နဲ့ ပြည့်စုံသူဖြစ်ရမယ်လို့ မိန့်ခဲ့တာပေါ့ အမှားကိုမြင်တတ်တဲ့မျက်လုံးသာပါပြီး အမှန်ကိုမြင်တဲ့မျက်လုံး ချို့နေရင် အဲလိုပုဂ္ဂိုလ်ကိုတဖက်ကန်း ဝေဖန်ရေးသမားလို့ ဆိုရမှာပါ ဒီလိုတစ်ဖက်ကန်းဝေဖန်ရေးသမားကို အဌကထာဆရာက ပဏ္ဍိတ ပတိရူပက အရောင်ဆောင်ပညာရှိလို့ ဆိုထားပါတယ် နောက်တစ်ခု တစ်ဦးနှင့်တစ်ဦး ဝေဖန်ဆွေးနွေးကြမယ်ဆိုရင်လဲ ဘယ်ပုံဘယ်နည်းနဲ့ဆွေးနွေးကြမလဲ ဒီနေရာမှာ လူတိုင်းသိတဲ့ ဆွေးနွေးတဲ့နည်းလေးတစ်ခုပြောချင်ပါတယ် အင်းဝခေတ်က မြန်မာဖိုးရာဇာ နှင့် မွန်အမတ်ကြီး သီဟပတေ့တို့ တွေ့ဆုံဆွေးနွေးခန်းတစ်ခုတွင် ဆွေးနွေးပွဲမစခင် စစ်သူကြီးလိုဆွေးနွေးမည်လော ပညာရှိတို့၏ ဆွေးနွေးခြင်းဖြင့် ဆွေးနွေးမည်လောဟု ဦးစွာညှိနှိုင်းကြတယ် ဘာလို့ဒီလိုညှိနှိုင်းရသလဲဆိုရင် စစ်သူကြီးတို့တို့၏ဆွေးနွေးမူ့သည် မှားသည်မှန်သည် ပဓာနမထား မိမိဘက်ကအသာစီးရဖို့သာ ဆွေးနွေး၏ ပညာရှိတို့ရဲ့ဆွေးနွေးပုံကြတော့ အရှုံးအနိုင်သည် ပဓာနမဟုတ် အမှားအမှန်သာပဓာနဖြစ်၍ မိမိမှားနေလျှင်ဝန်ခံ အခြားသူမှန်နေလျှင်လည်းထောက်ခံ ဘယ်လောက်ကောင်းလိုက်လဲ ကဲမိတ်ဆွေ အသင်ကော ဘယ်လိုနည်းနဲ့ဆွေးနွေးချင်ပါသလဲ

2 comments:

  1. ဆဲတာ၊ရိုင်းရိုင်းစိုင်းစိုင်းရေးကြပြောကြတာနဲ့ပတ်သက်လို့ ကျွန်တော်ကတော့
    သူ့သဘောသူဆောင်တယ် လို့ပဲ သဘောထားတယ်ဗျ...။ဝေဖန်ရေးကတော့
    ရှိသင့်ပါတယ်။ဘုရားရှင်ဟောတော်မူတဲ့အတိုင်း မျက်လုံးနှစ်လုံးတော့ရှိရမပေါ့
    ဗျနော်..။ဖတ်လို့ကောင်းတယ်ဗျ။ဒီထက်အကျယ်ချဲ့ရေးရင် ပိုတောင်ကောင်းမှာ။

    ReplyDelete
  2. အင်း....
    တစ်ချို့ ကျတော့ လဲ ၊ အပြုသဘောဆောင်ကြပါတယ်။
    ဘယ်လိုပဲပြောနေနေပေါ့ နော်၊ ကိုယ်ကတော့  မှတ်ကျောက်အတင်ခံနိုင်ရမယ်လို့ 
    ထင်ပါတယ်၊ လူအမျိုးမျိုး မဟုတ်လားလို့ ။
    လင့် မထားခဲ့ လို့  လိုက်ရှာရင်း မမရွှေစင် ဆီက တဆင့် လိုက်လာရတယ်။

    ReplyDelete