လူ့ဘဝ လူ့ခန္ဓာသည် ပဋိသန္ဓေဖြစ်ပေါ်တည်နေခြင်း လူ့ဘဝရောက်ဖွားမြောက်လာခြင်းသည် လူ့ဘဝအစ ခန္ဓာချုပ်ငြိမ်းပျက်စီးပြောင်းလဲသွားခြင်းသည် ဘဝရဲ့အဆုံးဟုသတ်မှတ်ရမည်ထင်ပါတယ်
ဘဝ ဟူသောအခေါ်အဝေါ်နှစ်လုံး၏ ကြားထဲ၌သေချာတိကျစိငှရေရာစွာနက်နက်နည်းနည်းတွေးကြည့်ပြီး ဘဝ ဟူသောစာနှစ်လုံးကိုလူ့ဘဝရောက်စဉ်ပီပြင်ပြောင်မြောက်အောင် မိမိကိုယ်ကိုဖော်ညွှန်းမယ်ဆိုရင်
(၁)စိတ်ထားဖြူစင်ကောင်းမြတ်ရမည်။
(၂)ကျန်းမာရေးဂရုစိုက်ရမည်
(၃)ရေရှည်သမ္မာအာဇီဝနည်းနှင့်သင့်လျှော်သည့် ချမ်းသာသုခရရှိမည့်ရည်မှန်းချက်မျိုးတိကျသေချာစွာချမှတ်
ရမည်...
(၄)မဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ခိုင်မာတဲ့အရေးတော်ပုံးစိတ်ဓာတ်ဟာ ဘဝမှာအသိဥာဏ် ကလွဲရင်အရေး
အကြီးဆုံးလို့သဘောကျပါ
(၅)မိမိလုပ်သောလုပ်ငန်းနှင့်မိမိဘဝပျင်းရိငြီးငွေ့ခြင်း စိတ်ဓာတ်ကျဆင်းခြင်းမဖြစ်အောင်အမြဲတမ်းကြိုးစားပါ။။
(၆)မိမိဘဝလက်တွေ့ရောက်ရှိခံစားနေရသော အချိန်ကို မှန်မှန် ကန်ကန် သတ္တိရှိရှိ အညံ့မခံ့ပဲကျော်လွှားနိုင်တဲ့
သတ္တိမျိုး အမြဲကြိုးစားမွေးမြူထားပါ
(၇) အမြင့်ကိုရောက်သူမှန်သမျှ အနိမ့်ကစခဲ့ရတယ် ယနေ့ မိမိရဲ့ဆရာတွေဟာ ဟိုတစ်ချိန်ငယ်စဉ်က တပည့်
တွေဖြစ်ခဲ့ရတာပါ
(၈)အမြင့်ကိုရောက်ချင်ရင်ဖြည်းဖြည်းစဉ်းစားပြီးမှတက် ချော်ကျတတ်တယ် သတိထားနော်
(၉)ပါတ်ဝန်းကျင်ရဲ့ဝေဖန်ဒဏ်ခံနိုင်ဘို့ထက် မိမိကိုယ်ကိုပြန်လည်ဝေဖန်ခံနိုင်ဖိုပိုအရေးကြီးတယ်။။။။။။။။။
(၁၀)အမြင့်ဆုံးသစ်ပင်ကလေဒဏ်ပိုခံရတယ်လို့ကြားဖူးတယ်
(၁၁)အလကားရတဲ့ပစ္စည်းဆိုတိုင်း အချောင်မလိုချင်နဲ့ အဆင်မသင့်လို့ဒုက္ခဖြစ်ရင် တန်ဖိုးကြီးကြီး ပေးဆပ်ရတတ်တယ်
(၁၂)မြင့်မြတ်ချင်စိတ်တကယ်ရှိတဲ့လူတော်လူကောင်းတိုင်းဟာ သူတစ်ပါး အပြစ်ကိုကဲ့ရဲ့ရူတ်ချခြင်းထက်
မိမိအပြစ်ကိုသာမြင်အောင်ရူ့ဂ်ျ အကောင်းဆုံးပြုပြင်နေထိုင်ကျင့်သုံးခြင်းကိုနှစ်သက်မြတ်နိုးတတ်ကြတယ်
(၁၃)စာမေးပွဲအောင်လက်မှတ်ရလိုတဲ့ဆန္ဒနဲ့စာသင်နေ စာမေးပွဲဖြေဆိုနေရင် လူတွေကအထင်ကြီးလေလေ ကိုယ့်ကိုယ်ကိုအထင်သေးစိတ် ပိုများလာလေဖြစ်တတ်တယ်နော်
သူငယ်ချင်းတို့ရေ အဲဒါ ကိုယ့်ရဲ့ထာဝရလက်ဆောင်ကောင်းအဖြစ်မြတ်နိုးစွာ
သိမ်းဆည်းထားနိုင်ခဲ့ရင် သူငယ်ချင်းတို့ဟာဘယ်တော့မှလူညံ့တစ်ယောက်မဖြစ်ဘူးဖူးဆိုတာသေချာတယ်…..မေတ္တာဖြင့်
တန်ဘိုးရှိတဲ့ စာလေးကိုဖတ်သွားပါတယ်ဗျာ
ReplyDeleteခင်မင်စွာဖြင့်
ရွှေစင်ဦး
အင်း....
ReplyDeleteတော်တော်ကိုပဲ အပြုသဘောဆောင် ချင်နေတဲ့  စာကလေးပါလား။
သေသေချာချာဖတ်သွားပါတယ်နော်။
ပြောချင်တာက လောကအလယ်မှာ အခက်ခဲဆုံးနေထိုင်ခြင်းဖြစ်တဲ့ 
“ ငါ ” မရှိဘဲ နေထိုင်နိုင်ခြင်းဟာ အကောင်းဆုံး၊ အမြင့် မြတ်ဆုံးပါလို့ 
ကျွန်တော်တော့  တွေးမိပါတယ်ဗျာ။
..:).. .စိတ်ဓာတ်ခွန်များပေးယုံတင်မက..
ReplyDeleteတွေးစရာ၊ လိုက်နာစရာများနဲ့ အရမ်းကို တန်ဖိုးရှိတဲ့
Post လေးပါ။ ဖတ်ရင်း တွေးရင်း ဆင်ခြင်ရင်းးးး။
ခင်မင်လျှက်....ခင်မာလာအောင်....:)