ပုထုဇဉ်ကား ဆုံလည်နွားသို့ ငါးပါးအာရုံ ကာမဂုဏ်၌ သာယာစုံမက် ရုံးမထွက်ဘဲ ဆက်လက်ကူးမြဲ သံသာဝဲတွင် နစ်ဆဲပေါ်တုံ ကာမဂုဏ်မှာ(လောကီဘုံမှာ) စုပြုံတိုးဝှေ့ ငါပျော်မွေ့ခဲ့ (လွန်ပျော်မွေ့ခဲ့)။
လောကလူ့ရွာ ဒီကမ္ဘာဝယ် ဖွှေရှာအလုပ် ဥာဏ်ဖြာထုတ်၍ အရှုပ်ကိလေ ၁၁ထွေမီး အပြီးအပိုင် ငါလေ ငြိမ်းမသတ်နိုင်သေး။
ကာမဂုဏ်ဒဏ် အဖျက်ရန်ကြောင့် ရမ္မက်တွေဝေ စိတ်ရိုင်းတွေကို (စိတ်တေလေကို) ထူးထွေပိုင်းဖြတ် ဥာဏ်ဖြင့်သတ်ဖို့
မပြတ်သတိ အမြဲရှိစို့။ ခွဲခြားမြင်သိ စိတ်ကောင်းရှိစို့။
(မေ့သားလှ- ၁၂-၁၀-၂၀၀၉)
No comments:
Post a Comment