ဆင်မင်းနှင့်နွား၊မြင်းကားတစ်ဖြာ၊
ကေသရာဇာခြင်္သေ့မင်း ပုံဆောင်သွင်းကြ။
လှပသွင်မူ စတုရူပ အသောက၏၊
ယဉ်ကျေးမှု့အမွေ မသွေပီပြင်
ရှေးအစဉ်ဆက် မပျက်လက်ရာ
ထုဆစ်လာကြ။
စတုရူပါ ဟန်လက်ရာကို
စာဆိုရင်ထဲ ထင်ဟပ်စွဲသော်
သာသနအတွက် သွေးအသက်တို့
ပြုန်းပျက်ခြောက်စေ မလျော့ခြေဟု
ဆင်မင်းမာန်နှုံး အားကုန်ကျုန်းလျက်
သာသနာ့ရန် ကျူးကျော်မခံ
ယင်းအားမန်ဖြင့် ကျောက်ကန်နင်းသတ်
ချေမှုန်းတတ်စေ။
စိတ်ဓာတ်ဖြူစင် နွားအသွင်သို့
ခန္တီနလုံး အစဉ်သုံးစေ။
မြင်းလိုလျှင်မြန် ခြင်္သေ့မာန်သို့
မကွေ့မရှောင် သတ္တိပြောင်စေ။
လေးထွေသောအား စိတ်ဓာတ်များကို
ထင်စွာညွှန်ပြ အသောက၏
သာသနာပြုထုံး အစဉ်သုံးလျှက်
ရွှင်ပြုံးကြည်သာ သာသနာကို
ဆထက်တစ်ပိုး တိုးသထက်တိုးအောင်
ဆက်လက်ပြုနိုင်ကြပါစေသောဝ်။
အမေရိကန် English ဆရာမ Ms. Monica Harvey ကို သင်တန်းပြီး နှတ်ဆက်ပွဲတွင် ဆင်နွားမြင်း ခြင်္သေ့မင်းပုံပါ အသောကကျောက်တိုင်လေးကို လက်ဆောင်ပေးစဉ် ပုံရိပ်လွှာကို ရေးစပ်ပါသည်။ (မေ့သားလှ (ဇလဂ္ဂ) ၃၀-၇-၂၀၁၀)
No comments:
Post a Comment