Thursday, June 23, 2011

ထူးဆန်းမူ့၏နောက်ကွယ်..

လူတွေခပ်များများဟာ ထူးဆန်းမူ့တွေကိုစိတ်ဝင်စားကြတယ် ထူးဆန်းမူ့ရဲ့နောက်ကွယ်က ဆိုးကျိုးတွေကိုတော့ သတိမထားမိတတ်ကြဘူး
သောစေယျံကိုယ်တွေ့တစ်ခုပြောပြမယ်နော် သောစေယျံတို့ငယ်ငယ်က အသက်ငါးဆယ်ခန့်လောက် လူကြီးတစ်ယောက် သောစေယျံတို့ရွာကိုရောက်လာတယ် အဲဒီလူကြီးက ရောက်လာတော့ ပထမဆုံး ကာလသားတွေကိုစပြီး စည်းရုံးတယ် နောက်ပီး ကာလသားတွေထဲက ဒုတ်ပီးဓါးပီးဆေးကြိုက်သူကို ဒုတ်ပီးဓါးပီးဆေးပေးတယ် ပီယဆေးကြိုက်သူကို ပီယဆေးပေးတယ် နောက် သူကထူးဆန်းမူ့တွေနဲ့လဲအမျိုးမျိုးလုပ်ပြတယ် (ဥပမာ) သစ်ရွက်တွေကို ငါးကြော်တွေဖြစ်အောင်လုပ်ပြပီး ကာလသားတွေကိုကြွေးတယ် အဲဒီလူကြီးကထူးဆန်းမူ့တွေအမျိုးမျိုးတွေပြတော့ အလိုလိုနေရင် သူ့ကိုကာလသားတွေက နာမည်ပေးလိုက်တယ် အရိယာကြီးတဲ့ ကဲအရိယာဆိုတာ သောတာပန်အစရှိတဲ့ ရဟန္တာပုဂ္ဂိုလ်တွေကိုဆိုလိုတာပါ ရွာသားတွေဟာ ရွာဦးကျောင်းမှာရှိတဲ့ ဆရာတော်တွေကိုတောင် အားမနာတော့ဘူး အဲဒီ အရိယာဆိုတဲ့ လူကြီးမှော်ဝင်နေတော့ ဆရာတော်တွေကလဲ ဘယ်လိုပုဂ္ဂိုလ်ကိုမှ အရိယာခေါ်ထိုက်တယ်ဆိုတာ ဓမ္မလမ်းကြောင်းပေါ်ကနေရှင်းပြပေမယ့် လက်မခံကြတော့ဘူး နောက်တစ်ဆင့် အဲဒီလူကြီးက ဆေးလဲကုတယ်အပျိုအအိုအကုန်ဆေးကုပေးတယ် ဆေးကုတော့ ဝင်ငွေတွေလဲအရမ်းကောင်းလာတယ် အဲဒီတော့ကာလသားတွေကိုငွေပေးပြီးတော့ လဲ စည်ရုံးတယ် သူ့စည်းရုံးရေးအင်အားအရမ်းကောင်းလာတယ် ကာလသားတွေသူ့နောက်ပါလာတော့ ရွာထဲမှာ ဘယ်အိမ်ကိုသွားသွားတံခါးမရှိ ဓားမရှိဝင်ခြင်တိုင်းဝင်ထွက်ခြင်တိုင်းထွက် သူ့အတွက်အဆင်တွေပြေလို့ အဲ..ကြာတော့ ကြောင်ကြာကြာ ရေမငုတ်နိုင်ဘူးဆိုသလိုပဲ သူ့ဇာတိပြလာတယ် ပထမဆုံးရွာကလှပေ့ဆိုတဲ့ ၁၇ နှစ်လောက်ရှိတဲ့ကောင်မလေးတစ်ယောက်ကိုလက်ထပ်ယူလိုက်တယ် သူ့မှာ သာကြီးမယားကြီးရှိတာတောင် သူဗြောင်လက်ထပ်ယူတယ် နောက်ရွာရှိကောင်မလေးတော်တော်များများကိုသူဖျက်ဆီးတယ် နောက်ပိုင်းကာလသားတွေရဲ့နှမတွေပါ ပါကုန်တော့ ကာကသားတွေမခံမရပ်တွေဖြစ်ပြီး သူတို့ဆရာ အရိယာကြီးကို ရွာကမောင်ထုတ်ဘို့ကြိုးစားကြတယ် ကာလသားတွေဟာ သူတို့ဆရာကြီး ရဲ့လုပ်ရပ်တွေမှားမှန်းသိတော့မှာ ရွာဦးကျောင်းဆရာတော်ဆီပြေးလာတော့တယ် ရွာဦးကျောင်းဆရာတော်ကလဲ အကျိုးသင့် အကြောင့်သင့်ကာလသားတွေကိုရှင်းပြပြီး အရိယာဆိုသူကြီးကိုရွာကမောင်ထုတ်လိုက်ရပါတယ် အော် သူလက်ထပ်ထားတဲ့ကောင်မလေးကိုတော့ ခေါ်သွားတယ် နောက် သူပြန်ပြီးလို့ ၂လ အကြာမှာ မိန်းခလေး ငါးယောက်လောက်ကကိုယ်ဝန်တွေနဲ့ကျန်ခဲ့တယ် ကဲဒါဟာထူးဆန်းမူ့နောက်ကိုလိုက်လို့ဖြစ်ခဲ့ရတာ ပါ ထူးဆန်းမူ့ဟာ ကိုယ့်အတွက်ဘာကောင်းကျိုးမှ မပေးပါဘူး စစ်မှန်းမူ့ကသာကိုယ်လက်ခံကျင့်သုံးနိုင်သလောက်အကျိးများတာပါ ဘုရားရှင်လက်ထက်က အဇာတသတ်ဆိုတာ အဖေသတ်ပြီးဘုရင်လုပ်ခဲ့တယ်ဆိုတာ လူတိုင်းသိတယ် ဘာကြောင့် အဖေသတ်ကံကြီးကို ကြူးလွန်ရတာလဲဆိုရင် သူလဲပဲ ထူးဆန်းမူ့နောက်ကိုလိုက်ခဲ့လို့ပါ တန်ခိုးအပြကောင်းတဲ့ ဒေဝဒတ်ကိုအထင်ကြီးဆရာတင်ခဲ့တယ် ဘုရားရှင်ကိုလဲ သတ်ဘို့နောက်က ကူညီခဲ့တယ် အမှန်က အဇာသတတ်ပင်ကိုကသောတာပန်ဖြစ်နိုင်တဲ့ပါရမီရှိပြီးသားပါ သူ့အဖေကိုသတ်လို့ သောတာပန်ဖြစ်နိုင်လောက်တဲ့ပါရမီလဲကွယ်ပြောက်ခဲ့ရတယ် လူတွေပြောနေတဲ့စကားရှိတယ် ကုန်ရူံးတော့ တစ်ခေါက် လင်ကုန်ရူံးတော့ တစ်သက်လုံးမှောက် ဆရာကုန်ရူံးတော့ တစ်သံသရာလုံးမှောက်ဆိုတာလေ သံသရာကိုယုံကြည်တဲ့လူတိုင် ထူးဆန်းမူ့ပြယုံလေးနဲ့ အလွယ်တကူဆရာမတင်သင့်ပါဘူး သံသရာအတွက်ဆရာတင်မယ်ဆိုရင်သေချာစီစစ်ဘို့တော့လိုလိပ်မယ် အမှန်တော့အဇာတသတ်မင်းဟာ ဆရာကုန်ရူံးလို့ တစ်သံသရာလုံးမှောက်ခဲ့ရတာပါ တော်သေးတာက အသိတရားတွေရပြီး ဘုရားရှင်ကိုစည်းကပ်ကိုးကွယ်ခဲ့လို့ အဝီစိငရဲရောက်ရမယ့်ဘေးကလွတ်မြောက်ပြီးလောဟကုမ္ဘီငရဲမှာပြန်ခံရတယ် အဇာတသတ်ဟာ အဝီစိငရဲကိုတာကြမယ်ဆိုရင် ကမ္ဘာဆုံးအောင်ခံရမယ် ဘုရားရှင်နဲ့တွေပြီး သာမညဖလသုတ်တရားနာလိုက်ရတော့ လောဟကုမ္ဘီငရဲကိုပြောင်းခံရတယ် လောဟကုမ္ဘီငရဲရောက်သွားတော့ သူအနှစ်ရှစ်သောင်းပဲခံရတော့တယ်ကဲထူးဆန်းမူ့ရဲ့နောက်ကွယ်မှာ ဆိုးကျိုးတွေဟာဘယ်လောက်ကြောက်စရာကောင်းလဲ မြန်မာပြည်မှာလဲ ထူးဆန်းမူ့အနည်းအငယ်ပြပြီး လူတွေကိုအယုံတွင်းနေတဲ့ ဘိုတော်လိုလိုဘာလိုလိုလုပ်ပြီးလိမ်နေသူတွေဒူးနဲ့ဒေးပါ အဲဒီလူလိမ်တွေကြောင့် နောက်ကွယ်မှာဘဝပျက်ခဲ့ရတဲ့ အမျိုးသမီးတွေဒူးနဲ့ဒေးဆိုတာ ယုံစေချင်တယ် တစ်ချို့အမျိုးသမီးတွေကသူတို့ဘဝပျက်ခဲ့ရတဲ့ အကြောင်းတွေကိုနောင်လူတွေသင်္ခန်းစာယူနိုင်ဘို့(ရှောင်ကြဉ်နိုင်ဘို့) ရိုးသားစွာနဲ့ စာတွေရေးနောက်အွန်လိုင်းပေါ်မှာတင်ပေးကြတယ် ခက်တာကလဲ အမျိုးသားများထက် အမျိုးသမီးတွေကပိုပြီးတော့ ထူးဆန်းမူ့နောက်လိုက်ကြတယ် ဒါကြောင့် ထူးဆန်းမူ့ကိုပြတိုင်း အယုံမလွယ်ဘို့နဲ့ စစ်မှန်မူ့ကိုရွေးချယ်တတ်ဘို့ပြောပါရစေ ထူးဆန်းမူ့ကို စူးဆန်းခြင်တယ်ဆိုရင်လဲ သတိ ပညာနဲ့စူးဆန်းသင့်တယ် သတိ နဲ့ပညာ မပါပဲ စူးဆန်းမယ်ဆိုရင် သင်လဲ တစ်နေ့.....

မှတ်ချက်။ သတ်ပုံစစ်ပေးမဲ့သူ ခရီးလွန်နေသဖြင့် သတ်ပုံမှားရင် ခွင့်လွတ်ပါရန်...

No comments:

Post a Comment