Friday, November 12, 2010

ဘုရား ဘယ်မှာရှိလဲ?(‘ဒုတိယပိုင်း)

Where is the Buddha?

By k-sri dhammananda

ဘုရား ဘယ်မှာရှိလဲ?('ဒုတိယပိုင်း)

ဘာသာပြန်ဆိုသူ ……သုအရှင်

ဘာကိုမှမယုံဘူး သူတို့ဘုရားကလူသားတွေအတွက်တရားတွေထားခဲ့တယ်လို့တချို့ကပြောကြတယ် တကယ်တမ်း အဲဒီတရားတွေဟာလောက လူသားအားလုံးအတွက်ဆိုရင် ဘာ့ကြောင့်လူသိရှင်ကြားမဟောဘဲ တစ်ယောက်ထဲကိုသာ ဟောရသလဲ မြတ်ဗုဒ္ဓကဘယ်သူ့ကိုမှ ဘာကိုမှမယုံကြည့်ခိုင်းသလိုသူကိုယ်တိုင်လည်း တစ်ဦးဦးကခိုင်းလို့လုပ်ရတယ်လို့ ဘယ်တုံးကမှဟောတော်မမူခဲ့ပါဘူး။ တစ်နေ့မှာခရစ္စယာန်ဘုန်းတော်ကြီးတပါး ဘုန်းကြီးထံရောက်လာပြီးတော့ ဗုဒ္ဓဘာသာဝင်တွေ ဘာကိုယုံကြည်သလဲလို့မေးတယ်။ သူ့ကိုရှင်းရှင်းပဲပြောလိုက်ပါတယ် ဗုဒ္ဓဘာသာဝင်တွေဟာ ဘာကိုမှမယုံကြည့်ဘူးလို့ ။သူကဆက်မေးတယ် အဲဒါဆိုရင်ဗုဒ္ဓဘာသာဝင်တွေဘာလုပ်သလဲတဲ့။ ဒီမေးခွန်းရဲ့အဖြေကိုမြတ်ဗုဒ္ဓကပေးခဲ့တယ် ဘုရားကလုပ်ရမဲ့အရာကိုဟောခဲ့တယ် ယုံကြည်ရမယ့်အစား ဒို့တတွေဟာ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ဒီသုံးခုကို အားထုတ်ရမယ်။ ပထမဦးစွာသိအောင်အရင်လုပ်ရမယ် ဘာလို့လဲဆိုတော့ ကိုယ်မသိတဲ့အရာဆိုဘာကိုမှမျက်စိမှိတ်ပြီးမယုံကြည်သင့်လို့ပဲ မဂ္ဂင်ရှစ်ပါးတရားတော်မှာ ပထမဆုံးအင်္ဂါကသမ္မာဒိဋ္ဌိဖြစ်တယ် မြတ်ဗုဒ္ဓဟာသူ့ရဲ့သာသနာပြုခရီးကိုမျက်ကန်းယုံကြည့်မူ့ဖြင့်စတင်းခဲ့ခြင်းမဟုတ် ဘဲသူ့သာဝကတွေကိုမှန်မှန်ကန်ကန် သိအောင်ထားထုတ်စေခြင်းဖြင့် စတင်ခဲ့တာဖြစ်တယ် သိပြီးတဲ့အခါဘုရားနဲ့သူ့တရားအကြောင်းသိတဲ့ဥာဏ်ထူးကိုရတယ် သိပြီးပြီဆိုရင် ကျင့်ရမယ် သိမထားဘူးဆိုရင်ထင်တာတွေလျှောက်လုပ်တော့မှာပဲ ဒါကြောင့်ဘုရားကဥာဏ်နဲ့သိ ပြီးတာကိုကျင့်ပါတဲ့ ကျင့်ပြီးတဲ့အခါအကျိုးခံစားလာရမယ်။ အဲဒီနောက် ဒါဟာအမှန်တရားပဲလို့သိလာတယ် ဒီ သင်ခြင်း ကျင့်ခြင်း သိခြင်း သုံးပါးဟာ ဘုရားဟောခဲ့တဲ့နည်းလမ်းသုံးပါးပဲ ။ တနည်းပြောရရင်လောကဒုက္ခတွေကိုပယ်ရှင်းဖို့ရာ နည်းလမ်းသုံးပါပဲ အခု ဗုဒ္ဓရဲ့ဘာသာတရားစတင်ပုံဟာ တွေ့ကရာကိုယုံကြည်ခိုင်းခြင်းမဟုတ်ဘဲ သင်ခြင်း ကျင့်ခြင်း အကျိုးကိုခံစားခြင်းဖြစ်တယ်ဆိုတာသိလောက်ပါပြီ ဥပမာ ဘုရားကကြင်နာရမယ် ရိုးသားရမယ်လို့ဟောတာကိုသိပြီးရင် ကျင့်လိုက်တယ် ကျင့်လိုက်တော့ အလွန်ကြင်နာတတ်တယ် အလွန်ရိုးသားတယ်ဆိုတာသိတဲ့ လူတိုင်းကရိုသေကြတယ် ဘယ်သူကမှမနှောက်ယှက်ချင်ဘူး အဲဒါဟာခံစားရတဲ့ကောင်းကျိုး(ပဋိဝေဓ)ပဲ တချိန်တည်းမှာပဲမြတ်ဗုဒ္ဓက ကိုယ်ပိုင်အတွေ့အကြုံအဆင့်အလိုက်နားလည်အောင်ကျိုးစားဖို့ဟောခဲ့တယ် အကျင့်ရဲ့အကျိုးကို ကိုယ်တိုင်ဆန်းစစ်လို့ရတယ် ဘာကြောင့်မှားတယ် ဘာကြောင့်မှန်တယ်ဆိုတာ သိလာတယ် အဲဒီအမှားအမှန်တွေဟာကောင်းကင်ကကျလာတဲ့ အမိန့်(သို့) ပညတ်တော်ကြောင့်မဟုတ်ဘူး။ ဘုန်းကြီးတို့တတွေမှာတွေးခေါ်တတ်တဲ့စိတ် နားလည်နိုင်တဲ့ဥာဏ်ရှိတယ် ဒို့ရဲ့ဥာဏ် နဲ့အတွေ့အကြုံဟာအမှားအမှန်ကိုသိနိုင်စွမ်းရှိတယ် ဥပမာဘုရားကဒို့ကိုသူများအသက်မသတ်ဖို့ဟောခဲ့တယ် သူကဒါကိုဘာသာတရားအနေနဲ့ဟောခဲ့တာမဟုတ်ဘူးဆိုတာ စဉ်းစားကြည့်ရင် သတ်ခြင်းဟာမကောင်းဘူးဆိုတာဥာဏ်ရှိတဲ့လူတိုင်းသိတယ် တစ်ယောက်ယောက်က ဒို့ကိုလာပြီးသတ်မယ်ဆိုရင် မကြိုက်တာသေချာတယ် ဒီတော့ ဘာကြောင့် သတ်ခြင်းဟာမကောင်းသလဲဆိုတာရှင်းလာတယ် တဖန်မင်းရဲ့တန်ဘိုးရှိတဲ့ပစ္စည်းကိုအခိုးခံရရင်ဘယ်လိုခံစာ

ရသလဲ ထို့အတူပဲဒို့ကသူများရဲ့ပစ္စည်းကိုခိုးရင်လည်းသူများကဘယ်ကြိုက်မလဲ ဒီလောက်အလွယ်လေးကိုသိဖို့ရာအတွက် (ထာဝရဘုရား မြတ်ဗုဒ္ဓ ယေရှု ဘယ်သူ့ဆီကမှ အမိန့်ရဖို့မလိုပါဘူး

လူ့စိတ်

ဘာသာရေးဆရာတွေဟာဒို့မေ့နေတာတွေကိုသတိဖော်ပေးဖို့ပေါ်လာခဲ့ကြတာဖြစ်တယ် သို့သော် အမှားအမှန်သိဖို့အတွက်တော့ကိုယ့်အတွေ့အကြုံနှင့်ဥာဏ်ကလုံးလောက်ပြီးသားပါ ဗုဒ္ဓကတွေးဖို့ သိဖို့ညွန်ကြားခဲ့တယ် ဒို့မှာဆင်ခြင်တုံးတရားရှိတယ် ဒို့ရဲ့ဆင်ခြင်တုံတရားက စိတ်သာရှိပြီး ကောင်းကောင်းမတွေးတတ်တဲ့တခြားသတ္တဝါတွေနဲ့မတူဘူး သူတို့ကစိတ်ကိုစားစရာရှာခြင်း နေစရာရှာခြင်း ကာမဂုဏ်ခံစားခြင်း ဒီသုံးခုနဲ့ပဲကန့်သတ်ထားတယ် ဒီထက်မပိုဘူး လူ့စိတ်ကတော့အမြင့်ဆုံးအဆင့်ထိဖြန့်လို့ရတယ် ဒါကြောင့်အရင်ကမကြားဖူးတဲ့အရာတွေကိုသိပ္ပံပညာရှင်

တွေတွေ့နေကြတယ် စိတ်ကိုတိုးတက်စေခြင်းဖြင့်သာ လူသားဟာဘုရားဖြစ်နိုင်တယ် ကိုယ်ပိုင်အတွေ့အကြုံအတိုင်းဆောင်ရွက်ကြဖို့ ဘုရားကဟောဟောခဲ့တယ် ဒါမှအကျိုးကိုခံစားနိုင်မယ် အခြားဘာသာဝင်တွေကဘုရားသခင်ကောင်းချီးပေးပါစေလို့နုတ်ဆက်ကြတယ် ဗုဒ္ဓဘာသာဝင်တွေကတော့ ဗုဒ္ဓကောင်းချီးပေးပါစေလို့ပြောလေ့မရှိပါဘူး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (ဘုရားကို ကိုးကွယ်ပါ၏ )လို့ပဲရွက်ကြတယ်

ကောင်းပြီး ခေါင်းစဉ်ကဘုရားဘယ်မှာလဲ? တဲ့ ဘုရားဘယ်မှာလဲ ကောင်းကင်ဘုံမှာလား နိဗ္ဗာန်မှာ (သို့)တခြားနေရာမှာလား ?ဘယ်ကိုသွားလဲ? ဒီနေရာမှာဒို့ဟာလောကီအမြင်ကနေကြည့်နေတယ်ဆိုတာကိုမေ့မထားသင့်ဘူး သမ္မာသမ္ဗုဒ္ဓဖြစ်ပြီးတဲ့နောက် ဘုရားက အယမန္တိမာဇာတိ နတ္ထိဒါနိပုနဗ္ဘဝေါ။ လို့ ဥဒါန်းကျူးခဲ့တယ် အဓိပ္ပါယ်ကတော့ ဒါဟာနောက်ဆုံးဘဝဖြစ်တယ် နောက်ထပ်ကျင်လည်ရမယ့်ဘဝမရှိတော့ဘူးတဲ့ ဘဝဒုက္ခ ဘာကြောင့်မကျင်လည်တော့တာလဲဆိုတော့ လူတွေခံစားရတဲ့ပျော်ရွှင်ကြည့်နူးမူတွေဟာ ခဏလေးအတွင်းမှာပျောက်သွားတဲ့သာယာမူ့တွေသာဖြစ်တယ် ဒုက္ခကိုဖြစ်စေတယ် တစ်ဘဝအတွင်းမှာ ကာယိက စေတသိက ဒုက္ခမျိုးစုံ ပြဿနာမျိုးစုံ အခက်အခဲမျိုးစုံတွေနဲ့တွေ့ကြုံနေရတယ်…

တတိယပိုင်းကိုဆက်ဖတ်ပါရန်…

No comments:

Post a Comment