မိုးလေဝသ ရာသီမျှစေ
လှပရွယ်လူး ပန်စုံဖူးစေ
မြေဆီလွှာထိမ်း တောလုံးစိမ်းစေ
ခပ်သိမ်းဝန်းကျင် အလှဆင်စေ
တာဝန်ပေးအပ် ခံယူတတ်စေ
ရင်ထဲအမြဲ ဝင်လျှက်စွဲစေ
ရှည်ကြာအသိ တည်ကာရှိစေ
စွမ်းအားစိတ်ဓာတ် ထင်မြင်ဟပ်စေ
ပြတ်ပြတ်ထင်ထင် ရှု့မြင်တတ်စေ
ရင်မှာအသိ ထာဝရရှိစေ
နိုးကြားရှင်သန် အမြင်မှန်စေ
ခန္တီနှလုံး အစဉ်သုံးစေ
မြင့်မြင့်မားမား ရည်မှန်းထားစေ
ရင့်ကျက်ဖွင့်ထွား နှလုံးသားလှစေ
မတ်မတ်တည်ငြိမ် ဂုဏ်ရှိန်ရှိစေ
စံထားဂုဏ်တင် ရှု့တိုင်းယဉ်စေ
ဩဇာကျယ်ပြန့် ထည်ဝါခန့်စေ
တိုင်းပြည်အတွက် ထမ်းပိုးရွက်စေ
ဘိုးဘွားမြန်မာ ဂုဏ်ဖြာတင့်စေ
သွေးသားနောင်ညီ ကူညီကြစေ
နဘံမိုးထက် လျှံဝေတက်စေ
သူတော်တရား ကမ္ဘာလွှားစေ တောင်းဆုခြွေ၏။
(၁၁-၁၀-၂၀၀၉) (မေ့သားလှ ဇလဂ္ဂ)။
ဟိုမှာ ပုထိုး
ReplyDeleteဆုပြည့်နိုး နှင့်
ဆုမျိုးတရာ တောင်းခဲ့ပါသည်
ဒီမှာ ပုထိုး
ဆုပြည့်နိုး နှင့်
ဆုမျိုးတရာ တောင်းခဲ့ပါသည်
ဆုတောင်းတိုင်းသာပြည့်လျှင်
အဘယ်မှာ မျက်ရည်ရှိအံနည်း
မောင်ပန်းမွှေး
ဒါပေမဲ့ တောင်းဆုခြွေတာ လေး ပြည့်စေချင်ပါတယ်ဗျာ
ရွှေစင်ဦး
အင်း...
ReplyDeleteဟုတ်ပါ့ ဗျာ၊ အဲ့ ဒီ ဆုကလေးတော့  ပြည့် လိုက်စေချင်တယ်လေ။
ကဗျာလေးကောင်းပါတယ်။ ကျွန်တော်ကတော့ မစပ်တတ်ပေမဲ့ 
စပ်ထားတဲ့ ကဗျာကောင်းလေးတွေတော့  ဖတ်တတ်ပါတယ် လို့ ။