လာဘ-အလာဘ, ယသ-အယသ,
နိန္ဒံ-ပသံသာ သုခံ-ဒုက္ခံ, လောကဓံဟု
ခေါ်ကြလေရိုး ဤရှစ်မျိုးဖြင့်
မစွန်းမငြိ ကင်းလွတ်သည့်သူ မရှိမူတည့်။
မကောင်းကြုံလျှင် အားအင်ချိနဲ့
ကောင်းချည်းကြုံလျှင် ဘဝင်လေဟပ် မနေတတ်အောင်
တိုင်းထက်အလွန် မြောက်ချင်လွန်းကြ။
ဩော်….ဖောင်းလိုက်ပိန်လိုက် ဤဝမ်းဗိုက်လို
ကောင်းလိုက်-ဆိုးလိုက် ထွေးပိုက်ကြရဦးမှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ) ၁၅-၁၀-၂၀၁၀
အကိုရေ ဘာသာရေးဆန်ဆန်လေးတွေကို ကဗျာလေးတွေလို ဒဿနလေးတွေအနေနဲ့ဖတ်ရတာ အရမ်းသဘောကျမိပါတယ်။
ReplyDeleteခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)