အားနွဲ့ရသူပါ အားချင်းမမျှလို့ အမြဲအရူံးပေးနေရသူပါ သူတို့အနိုင်ကျင့်တိုင်းခံနေရသူပါ စသည် စသည် မိန်းခလေးတော်တော်များများပြောလေ့ရှိတဲ့စကားပါ အဲဒီလိုကြားနေရတော့ မိန်းခလေးတွေမှာ တကယ်ပဲအားနွဲ့နေရသူတွေလား မိန်းခလေးတွေမှာခွန်းအားမရှိတော့ဘူးလား မိန်းခလေးတွေမှာခွန်းအားအမှန်တော့ရှိပါတယ် ရှိနေတာကိုသိအောင်မလုပ်တော့ အနိမ်ခံဘဝနဲ့နေရတာသနားစရာ ဒါကြောင့် သနားလွန်းလို့ လဲဒီစာလေးရေးဖြစ်တာပေါ့ ခုပြောမဲ့အကြောင်းအရာတွေကိုသိပြီးတဲ့လူတွေလဲရှိချင်ရှိမယ် မသိသေးသူတွေလဲ ရှိချင်ရှိမယ် သိပြီးမေ့နေသူတွေလဲ ရှိချင်ရှိမယ် ဘာပဲပြောပြောရေးတော့ရေးရမှာပဲ အမှန်ကမိန်းခလေးတွေမှာခွန်အားရှိတယ် အော်ခွန်အားဆိုလို့ ယောင်္ကျားလေးနဲ့မိန်းခလေးနဘန်းသတ်လို့ နိုင်တဲ့ခွန်အားလားလို့တော့မတွေးနဲ့ပေါ့နော် ခုပြောပြမဲ့ မိန်းခလေးတွေရဲ့ခွန်အားဆိုတာ ဘာလဲဆိုတော့
၁။ရူပ ဗလ ရုပ်ရည်လှပါ့မူ့ဟာလဲ ခွန်အားတဲ့
၂။ဘောဂ ဗလ ငွေကြေးအင်အား
၃။ဥာတိ ဗလ ဆွေမျိုးတောင့်တင်းခြင်းအင်အား
၎။ပုတ္တ ဗလ သားရတနာရှိခြင်းဆိုတဲ့အင်အား
၅။သီလ ဗလ သီလတောင့်တင်းခြင်း (အကျင့်သီလနဲ့ပြည့်စုံခြင်းတဲ့)
ကဲ…ဒါတွေကမိန်းခလေးတွေရဲ့အင်အားမဟုတ်လား ရမ်းသန်းပြောနေတာမဟုတ်ဘူးနော် စာလေးပေးလေးနဲ့ပြောတာပါ ဒီအကြောင်းအရာငါးခုဟာ မိန်းခလေးတွေရဲ့ခွန်အားတွေပါ ဒီအင်အားတွေ ကိုယ့်မှာ ရှိ မရှိဆိုတာတော့ ကိုယ့်ကိုယ်ကိုဆန်းစစ်ပေါ့ အားလုံးကြားဘူးမှာပါ တော်လေးဝ အမျိုးသမီးတွေအကြောင်း
သူတို့တွေဟာ အလကားနေရင်တော်လေးဝ အမည်ခံခွင့်ရှိတာမဟုတ်ဘူး သူတို့မှာဒီခွန်အားတွေရှိလို့ပါ အော် ဒီနေရာမှာ ၁ ၂ ၃ ၄ ကိုတော့သိပ်မပြောချင်ဘူး ၅။သီလ ဗလ အကျင့်သီလနဲ့ပြည့်စုံခြင်းဆိုတဲ့ ဟာလေးတော့ပြောကြည့်ချင်တယ် မိန်းခလေးတစ်ယောက်ဟာ အကျင့်သီလနဲ့ပြည့်စုံလာပြီဆိုရင် တကယ်လေးစာဘို့ကောင်းပါတယ် အကျင့်သီလနဲ့ပြည့်စုံခဲ့လို့ ယောင်္ကျားကထိုင်းတောင်ရှိခိုးခဲ့ဘူးတဲ့သာဓကလဲရှိပါတယ် သိတယ်မဟုတ်လား သာမာဝတီ နဲ့ဥတေန မင်းကြီးတို့ဇာတ်လမ်းလေ သာမာဝတီဆိုတာ တကယ်ကိုယ်ကျင့်တရားနဲ့ပြည်စုံတယ် မာဂဏ္ဍီ ရဲ့လှည့်ပတ်မူကြောင့် ဥတေန မင်းကြီးက အထင်လွဲပြီး လေးနဲ့ပြစ်တယ်လေ ဒါပေမဲ့ သာမာဝတီ ရဲ့ကိုယ့်ကျင့်တရားဖြူစင်မှု့ကြောင့် ဘုရင်ဥတေန ပြစ်ခွင်းလိုက်တဲ့မျှားက သာမာဝတီကိုမှန်ဘို့ဝေးစွ ဥတေနစီပဲပြန်လည်လာတော့ ဥတေနဟာအကြောက်ကြီးကြောက်ပြီပေါ့ အသက်မရှိတဲ့ မျှားကတောင်သာမာလေးရဲ့ဂုဏ်ကျေးဇူးကိုသိတယ် ငါလို လူစင်စစ်က သာမာလေးရဲ့ဂုဏ်ကျေးဇူးကိုမသိပါလား ဆိုပြီး ဥတေနကြီးဟာ အကြောက်ကြီးကြောက်ပြီး သာမာဝတီလေးရှေ့မှာဒူးထောက်ရှိခိုးပြီးတောင်းပန်လိုက်တယ်ဗျာ ဒီသာမာဝတီ အကြောင်းဖတ်ပြီး တစ်ခုတော့တွေးမိတယ် မိန်းမရှိခိုးသွားမကြိုးဆိုတာလေ ဘာပဲပြောပြောလေ မိန်းခလေးတွေမှာ ဒီခွန်အားတွေရှိတယ်ဆိုတာ သိပြီလား ဒီခွန်အားတွေကိုအသုံးချပြီး မိမိတို့ဘဝတစ်ဆင့်ပြီးတစ်ဆင့် အမြင့်ကိုလှမ်းနိုင်အောင်ကြိုးစားသင့်တယ် ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ကျင့်သီလနဲ့ပြည့်စုံမယ်ဆိုရင် ဒီဘဝမှာလဲ လူတွေရဲ့လေးစားမူ့ကိုရမယ် နောက်ဘဝမှာလဲ ကောင်းရာဂတိကိုလှမ်းနိုင်မယ် ခွန်းအား(၅)ခုမှာ ၁။ရူပ ဗလ ရုပ်ရည်လှပါ့မူ့၂။ဘောဂ ဗလ ငွေကြေးချမ်းသားမူ့ ၃။ဥာတိ ဗလ ဆွေမျိုးတောင့်တင်းမူ့ ၄။ပုတ္တ ဗလ သားရတနာရှိခြင်း ဆိုတာတွေတာရှိပြီး ၅။သီလ ဗလ ကိုယ်ကျင့်တရားမရှိဘူးဆိုရင် ဒီဘဝအတွက်သာသာယာပြီး ခွန်အားဖြစ်ပေမဲ့ နောက်ဘဝအတွက်တော့ ခွန်အားမဖြစ်နိုင်ဘူး သီလ ဗလ ကိုယ်လဲ တခါထည်ပြည့်စုံအောင်ဖြည့်ကျင့်သင့်တယ် ဒါမှ နောက်ဘဝအတွက်လဲခွန်အားဖြစ်မှာပေါ့ ဘာပဲဖြစ်ဖြစ် သီလ ဗလဆိုတဲ့ခွန်အားကလွဲရင်ကျန်တဲ့လေးခုက အတိက်ဘဝက အကြောင်းနဲ့ဆိုင်သွားပြီ အတိက်ကအကြောင်းမကောင်းရင် အဲဒီလေးခုလုံး ရချင်မှလဲ ရမယ် တစ်ခုခုကိုပဲရချင်ရမယ် ကဲဒီဘဝမှာလက်တွေ့ရနိုင်တာကတော့ သီလ ဗလ ပါပဲ ဒီ သီလ ဗလ ဆိုတဲ့ခွန်းအားကို အမိအရ ရယူနိုင်ရင်
လာမယ့်ဘဝမှာ ကောင်းရာသုဂတိကိုရောက်မှာမလွဲပါဘူး အော်………. သာမာဝတီလေးတို့လို ရှိခိုးတာခံချင်ရင်တော့ သီလ ဗလ ကိုမမေ့နဲ့နော်……………………
No comments:
Post a Comment