ပူလိုက်တာ အရမ်းပဲ အိန္ဒိယအပူကတော့တကယ် စိတ်ညစ်ဘို့ကောင်းတယ် အေးပြီဆိုရင်လဲရေခဲတုံးခြားမှာ
ညပ်နေသလားမှတ်ရတယ် ပူတဲ့အခါမှာလဲ ဒယ်အိုးထဲမှာထည့်ပြီးအလှော်ခံ နေရသလားမှတ်ရတယ် အင်း စိတ်ထဲမှာ ပူတာကြီးကိုပဲစွဲနေရင် ပိုပူနေလိမ့်မယ် ကိုယ့်ရဲ့စိတ်ကိုတခြားတစ်ဘက်မှာ အာရုံပြောင်းအုံမှ… ထူးပါဘူးလေ စာတစ်အုပ်တော့ ဖတ်အုံးမယ် စာဖတ်တဲ့အချိန်ကလဲကြည့်အုံး ညအချိန်မတော်…ပြင်ပအရာတွေကိုကြည့်လိုက်တော့လဲ ကောင်းကင်ကြီးကလဲ မှောက်လျှက် မြေပြင်ကြီးကလဲ ပက်လက် ကြယ်လေးတွေကလဲ မျက်စပြစ်လို့ ခြင်တွေကလဲ တဝီဝီနဲ့ ကိုယ်မသိ သူနားမလည်တဲ့သီချင်းတွေဆိုနေတယ်ထင်ပါ့ အိမ်မြောင်ကလဲစုတ်ထိုးလို့
အဲဒီအချိန်မှာ ဖတ်နေတဲ့ စာအုပ်က ဗြဟ္ဗာစိုရ်အကြောင်းရေးထားတဲ့စာအုပ်လေ ဗြဟ္မာစိုရ် ကိုတော့သိတယ်နော် ဗြဟ္မာစိုရ်တရားကလည်း လေးပါးတောင် ဘာတွေလည်ဆိုတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တဲ့လေ တော်တော်လေးလဲကောင်းပါတယ် စာထဲကိုအာရုံရောက်သွားတာ ပူတာတွေတောင်မေ့သွားတယ် ပထမဆုံးတွေ့လိုက်တာက အော်အော် မေတ္တာ မေတ္တာ ….
မေတ္တာဆိုတာ ချစ်ခြင်းလို့ ဘာသာပြန်ထားတယ် ချစ်ခြင်းဆိုလို့ပေါက်ကရတော့မတွေးနဲ့နော် အချစ်ဆိုတာလဲအမျိုးမျိုးတော့ရှိသား လူတွေကအချစ်အကြောင်းပြောလိုက်ရင် ဟိုလိုချစ်တဲ့အချစ်ကိုပဲ အချစ်လို့ထင်နေတာ ဒို့ကတော့ အဲလိုအချစ်တွေမသိဘူး စိတ်ကူးတောင်မယဉ်ဖူးဘူး (သြော် ယုံပါလို့မပြောဘူးနော်) ဒို့သိတဲ့အချစ်က လူနတ် ဗြဟ္မာ သတ္တဝါတွေပေါ်မှာ တန်းတူ မေတ္တာထားရမယ် နောက်…လူနတ် ဗြဟ္မာ သတ္တဝါတွေ အပေါ်မှာ မေတ္တာတရားတွေလည်းပွားများရမယ်ဆိုတဲ့ ဒါမျိုးမေတ္တာပဲသိတာလေ ကိုယ်သိတဲ့မေတ္တာကလဲကြည့်အုံးလေ အင်း ကိုယ်မုန်းတဲ့လူကိုတောင်မေတ္တာတရားတွေပွားများပေးရမယ်ဆိုပါလား အင်း မလွယ်ဘူးထင်တယ် ဘာပဲဖြစ်နေနေ ကောင်းကွတ်ကိုရှာမေတ္တာတဲ့ ကောင်ကွတ်ရှာပြီး မေတ္တာပို့ရမှာပဲလေ အံမယ်..နောက်တစ်ခုက ကရုဏာဆိုပါလား အို.ကရုဏာဆိုတာကတော့ ကိုယ်ထက်နိမ့်ကျတဲ့လူတွေကို သနားတာပဲ ဘာခက်တာမှတ်လို့ သနားပေးလိုက်မယ် (ကိုယ့်နှလုံးသားမှာ ဗုဒ္ဓရဲ့အဆုံးအမတွေ ငယ်ငယ်လေးကတည်းကကိန်းနေတာကို) ဟာ နောက်တခုက မုဒိတာ ဆိုပါလား အော် မုဒိတာ ဆိုတာ ဝမ်းမြောက်ခြင်းတဲ့ အံမယ် ဘာတွေများဝမ်းမြောက်ရမှာလဲ ကြည့်အုံးမှ အော် ကိုယ့်ထက်သာသူတွေကိုတွေ့ရင်ဝမ်းမြောက်ရမယ်ဆိုပါလား အင်း ဒါလဲသိပ်တော့မလွယ်ဘူး (ဥပမာ)ကိုယ်နဲ့ကျောင်းနေဘက်သူငယ်ချင်းတွေ ကိုယ့်ထက်သာနေရင် ဘယ်လိုလုပ် ဝမ်းသာနိုင်မှာလဲ (မုဒိတာ ဆိုတာဘယ်လိုအမျိုးအစားတွေအပေါ်ပွားရမယ်ဆိုတာအကျယ်သိချင်လား သိချင်ရင်လေ့လာပေါ့)
အင်းလေ
ဘာပဲဖြစ်ဖြစ် သူကကိုယ့်ထက်ကြိုးစားလို့သာတာပဲ မုဒိတာ မထားနိုင်ပဲ သူကို မနာလိုတာတွေဖြစ်နေရင် ကိုယ်ကိုတိုင် အကုသိုလ်တွေ တွင်းထဲကနှိုက်ယူနေသလိုဖြစ်နေမယ် အကုသိုလ်တော့ အဖြစ်မခံနိုင်ပါဘူး ဘာဖြစ်လဲ မုဒိတာပွားနိုင်အောင်ကျိုးစားမယ် :p ;p
အော်အော် ..နောက်ဆုံးတစ်ခုက ဥပေက္ခာဆိုပါလား ဘာတွေလဲမသိဘူး ဆက်ဖတ်ကြည့်အုံးမှ အင်း..ပြောသာပြောရတယ် ဥပေက္ခာ ဆိုတာ လူတိုင်းသိတဲ့ စကားပဲ ဥပေက္ခာ ဆိုတာ လှစ်လျူရူ့ခြင်းတဲ့ အင်း…ဘာတွေ ….ဘယ်လိုတွေများဥပေက္ခာပြုရမှာလဲနော် အန် သွားပြီး ချစ်သူ မုန်းသူ ကောင်းတဲ့အရာ မကောင်းတဲ့ အရာ အေးတာ ပူတာ (ဥပေက္ခာနဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေကို ဘယ်လိုကျင့်ရမယ်ဆိုတာ ဘုရားဟောထားတာအပြည့်အစုံရှိတယ်သိချင်ရင် ကိုယ်တိုင်လေ့လာ ကိုယ်ရေးတာမပြည့်စုံဘူးနော်)
ဟိုက်.. သွားပြီး ချစ်သူ မုန်းသူ ကောင်းတာ မကောင်းတာ ပူတာ အေးတာ ဆိုတဲ့ အရာတွေထဲမှာ ပူတာနဲ့ အေးတာကြီးကို ဘယ်လို လှစ်လျူရူ့နိုင်တော့မှာလဲ အဟဲ ကိုယ်လဲလေ လောကီသားမို့ လို့ပဲပြောလိုက်မယ်နော် ခက်ပြီ ခက်ပြီ ဥပေက္ခာ ကိုယ့်အတွက် ခက်တာနော် သူများတွေအတွက် မဆိုလိုပါဘူး အော်မေ့နေလိုက်တာ ပူလိုက်တဲ့ညကို စာထဲမှာ ပူတာကိုဖတ်မိမှ ကိုယ့်ကိုယ်ကိုပူနေမှန်းသိတယ် အော် ပူလိုက်တာ ပူလိုက်……………
အော် ဒါကြောင့် ငယ်ငယ်ကရွာဦးကျောင်းက ဘကြီးဘုန်းကြီး ဗြဟ္မာစိုရ်တရားလေးပါးမှာ ဥပေက္ခာဟာ ကျင့်ကြံရတာ အခက်ဆုံးလို့ပြောခဲ့ဘူးတာကို…
No comments:
Post a Comment