ကျင်သူသက်ထား ဇနီးမယားနှင့်
စုလျားစုံမက် လက်ချင်းဆက်၍
တစ်သက်ခရီး(ဘဝခရီး) ရှု့မညီးငြား
သမီးသားနှင့် စီးပွားဥစ္စာ
ဥာတကာကို ဘယ်ခါမကွဲ
အတူတွဲ၍ အမြဲနုပျို ရွယ်မအိုဘဲ
သွားလိုရာသွား စားလိုစားကာ
နေလိုပါလည်း တနေ့သောခါ
ဇရာတရား နှိပ်စက်အားကြောင့်
ကိုယ်အားနွမ်းရိ ပိန်ချုံးချိပြီး
ပျော့တိပျော့ခွေ ကိုယ်လက်ခြေဟန်
မသန်စွမ်းပုံ ချူချာစုံလျက်
ယမ်းကုန်မီးစာ ဆီခန်းရှာသို့
ဗျာဓိဖိစီး ဤခရီးတွင်
ရုတ်ခြည်းရောက်လာ ဝေဒနာကြောင့်
ထိမ်းမနိုင်သိမ်းမရ ပျိုကျခန္ဓာ
ယိုယွင်းလာလျက် အိပ်ရာထက်ဝယ်
မျှဉ်းမျှဉ်းအသက် အရိုးခက်နှင့်
နုပျိုသားရေ ခန်းခြောက်စေလျက်
ရော်ရွက်ဝါကြွေ သဏ္ဍန်လေသို့
မရဏဇော ရေယဉ်ကြောဝယ်
နစ်မျောတုံခိုက် ကျားမြွကိုက်သို့
မရဏမင်း သူလက်တွင်းသို့
အပ်နှင်းပဏ္ဏာ သက်ဇီဝါကို
မှန်စွာမယွင်း အော် (ဒို့) တနေ့ အပ်နှင်းရမည်
….ဘဝ ဘဝ ဘဝဆိုတာ အနိစ္စပါ တကား။
(မေ့သားလှ-ဇလဂ္ဂ) [10-08-2010]
Saturday, August 28, 2010
ဘဝဆိုတာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment