်
ဒေဝဒတ်ကိုအဘယ့်ကြောင့်ရဟန်းပြုပေးသနည်း
အားလုံးသိကြတဲ့အတိုင်းပဲဒေဝဒတ်ဆိုတဲ့ပုဂ္ဂိုလ်ကိုအကြောင်းလေ ဘာလို့လဲဆိုတော့ဒေဝဒတ်ဆိုတာ
အမြဲမြတ်စွာဘုရားကိုမကောင်းကြံတဲ့ရဟန်းပေါ့ မြတ်စွာဘုရားကဘာလို့သံဃာအသင်းခွဲမဲ့သူကို
ရဟန်းပြုပေးရတာလဲဆိုတဲ့အမေးတွေလဲခဏခဏကြားရတယ် နောက်ဒေဝဒတ်ကသာသနာကိုနှောက်ရှက်မယ်ဆိုတာဘုရားကမသိလို့လား မသိဘူးဆိုရင်လဲဘုရားကအလုံးစုံကိုသိတယ်ဆိုတဲ့စကားနဲ့ဆန့်ကျင်မနေဘူးလား ဆိုတဲ့စကားတွေပြောနေကြတယ်လေ ဒါကြောင့်အဲဒီအဖြေတွေကိုမသိသေးသူတွေအတွက် မိလိန္ဒပဥှာ ထဲကနေကူးရေးပြီးကျွန်ုပ်ဘလော့လေးမှာတင်လိုက်ပါတယ်
မိလိန္ဒမင်းက အရှင်နာဂသေနဘုရား ဒေဝဒတ်ကိုမည်သူကရဟန်းပြုပေးသနည်း
မင်းမြတ်ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂု ကိမိလ ဒေဝဒတ် ဟူသောသကျမင်းသားခြောက်ပါးနှင့်တကွ
ဆတ္တာသည် ဥပါလိတို့သည်ရဟန်းပြုရန်ဘုရားရှင်နောက်တော်တို့လိုက်ပါလာသဖြင့်သူတို့အားလုံးကိုဘုရားရှင်က
ရဟန်းပြုပေးတော်မူ၏ အရှင်ဘုရား..ဒေဝဒတ်သည်ရဟန်းပြုရလို့သာလျှင်သံဃာကိုအသင်းခွဲနိုင်ပေ၏။ဘိက္ခုနီ၊သိက္ခမာန်၊
သာမဏေယောင်္ကျား၊သာမဏေမိန်းမနှင့်လူသာမာန်တို့သည် သံဃာကိုသင်းမခွဲနိုင်ပေရဟန်းအပေါင်းနှင့်ကံကြီး ကံငယ် ပြုလုပ်ဆက်ဆံလျှက်ရှိနေသောပကတိရဟန်းသာလျှင်တစ်သိမ်တည်းမှာအတူနေလျှက်သီးခြားသံဃာစု၍ကံသီးခြားပြုကာ သံဃာကိုသင်းခွဲနိုင်ပေ၏ အရှင်းဘုရားသံဃာကိုသင်းခွဲသောသူ၏ ကံသည်အဘယ်မျှအပြစ်ကြီးပါသနည်း မင်းမြတ်တစ်ကမ္ဘာပတ်လုံး ငရဲခံရပေ၏
အရှင်ဘုရား ဒေဝဒတ်သည် ရဟန်းပြုရလျှင်သံဃာကိုသင်းခွဲလတ္တံ သံဃာသင်းခွဲ၍တစ်ကမ္ဘာလုံးငရဲ၌ကျခဲရလတ္တံဟု ဘုရားရှင်သိတော်မူပါ၍လော
မင်းမြတ် သိတော်မူပေ၏
အရှင်ဘုရားအကယ်၍ဘုရားရှင် သိတော်မူသည်ဖြစ်အံ့ ဘုရားရှင်သည် သနားခြင်းကရုဏာရှိတော်
မူသည်ဟူသော စကားသည် မှားရာ၏ အကယ်၍ထိုအကြောင်းကိုမသိသောကြောင့်ရဟန်းပြု တော်မူရာသည်ဖြစ်အံ့ ဘုရားရှင်သည် သဗ္ဗညုမဖြစ်ပေရာ အစွန်းနှစ်ဘက်ထွက်နေသော ဤပြဿနာ
သည် အရှင်ဘုရားထံကပ်ရောက်လာပါ၏ ဤပြဿနာကိုဖြေရှင်တော်မူပါလော့
မင်းမြတ် ဘုရားသည် သနားခြင်းကရုဏာလည်းရှိတော်မူပေ၏ သဗ္ဗညုလည်းဖြစ်တော်မူပေ၏ သဗ္ဗညုတ
ဥာဏ်တော်ဖြင့်ဒေဝဒတ်၏ အနာဂတ်အလားအလာကိုကြည့်တော်မူလတ်သော အပါယ်လားကြောင်း
မကောင်းမူ့တို့ကိုပြုကျင့်၍ကမ္ဘာတစ်သိန်မက ငရဲကျခံရမည့်အလားအလာကိုမြင်တော်မူပေ၏
ဤသို့သိမြင်တော်မူ၍ဒေဝဒတ်၏လွတ်ရက်မရှိအောင်ခံစားနေရမည့် ကံသည် ငါဘုရား၏သာသနာ
တော်မှာရဟန်းပြုရလျှင်ကားလွတ်ရက်ကိုသတ်မှတ်ပိုင်းခြား၍ရနိုင်လတ္တံ မဂ်ဖိုလ်မှအချည်းအနီး
သော ထိုသူသည် ရဟန်းပြုခွင့်မရသော်လည်းဤသို့သောမကောင်းမူ့ကို ပြုမည်သာတည်းဟု သိတော်မူ၍ သနားတော်မူသောကြောင့် ဒေဝဒတ်ကိုရဟန်းပြု၍ပေးတော်မူပေ၏ အရှင်ဘုရား သို့ဖြစ်
လျှင် ဒေဝဒတ်ကိုရိုက်နှက်ပြီးခါမှ ဆီလိမ်း၍ပေးဘိသည်တကား ကမ်းပါးပြတ်မှာတွန်းချပြီးခါမှ လက်ကမ်းဘိသည်တကား အသေသတ်ပြီးခါမှအသက်ရှည်ဆေးကို ရှာကြံဘိသည်တကား
မင်းမြတ် မိဘတိုသည် သားသမီးတို့၏ အကျိုးစီးပွား များစိမ့်သောငှာ ရိုက်နှက်ခြင်းကိုလည်း ပြုကြရ
ကုန်၏ တွန်းချခြင်းကိုလဲ ပြုကြရကုန်၏ ဤအတူသာပင် ဘုရားရှင်သည်လည်း သတ္တဝါတို့ အကျိုးစီးပွား များစိမ့်သောငှာ ရိုက်နှက်ခြင်းကိုလဲပြုတော်မူရပေ၏ တွန်းချခြင်းကိုလဲပြုတော်မူရပေ၏
မင်းမြတ် ဒေဝဒတ်သည် အကယ်၍ ရဟန်းမပြုရသည် ဖြစ်ငြားအံ့ လူဝတ်ကြောင်အဖြစ်ဖြင့် ငရဲလားကြောင်း မကောင်းမူ့များစွာကိုပြုလုပ်၍ ကမ္ဘာတစ်သိန်းမက ငရဲတစ်ခုမှ တခုတို့ ပြောင်းရွေ့ 
၍ ခံစားရပေလတ္တံ့ ထိုအကြောင်းကိုဘုရားရှင်သိတော်မူ၍ ဒေဝဒတ်၏ ငရဲကျခံရသော ဆင်းရဲဒုက္ခကို
တစ်ကမ္ဘာမျှဖြင့် အဆုံးသတ်နိုင်စေရန် ရဟန်းပြု၍ ပေးတော်မူရ၏
မင်းမြတ် ဥပမာအားဖြင့် ပြည့်ရှင်မင်းလည်း ခိုးသူတစ်ယောက်အား သတ်စေ အမိန့်ပေးလိုက်၏
မင်းချင်းတို့သည် ခိုးသူအား ဦးခေါင်းဖြတ်၍သတ်ရန် သူသတ်ကုန်းသို့ ဆောင်ယူခဲ့ကြကုန်၏ ဤတွင်ပြည့်ရှင်၏ ချီးမြှောက်ခြင်းကိုခံယူ၍ ပြည်ရှင်မင်းအား နားဝင်အောင် ပြောဆိုနိုင်စွမ်းရှိသော
ယောင်္ကျားတစ်ယောက်ကတွေ့မြင်ရကာ ခိုးသူကို သနားသဖြင့် အချင်းတို့ ဤခိုးသူကို ဦးခေါင်းဖြတ်၍
သတ်ဖြတ်ခြင်းဖြင့် သင်တို့အား ဘာအကျိုးရှိပါမည်နည်း ဦးခေါင်းကိုဖြတ်၍သတ် မည့်အစား လက်ကိုဖြစ်စေ ခြေကိုဖြစ်စေ ဖြတ်ကြကုန်လော ပြည်ရှင်မင်းထံ လျှောက်ထားရန် ငါ့တာဝန်ဖြစ်၏
ဟုဆို၏ ထိုယောင်္ကျား၏ ပြောကြားချက်အတိုင်း မင်းချင်တို့သည် ခိုးသူ၏ ဦးခေါင်းကိုမဖြတ်တော့ဘဲ
လက်ကိုဖြစ်စေ ခြေကိုဖြစ်စေ တစ်ခုခုကို ဖြတ်ကြကုန်၏ မင်းမြတ် ဤသို့ပြောဆိုပေးသဖြင့် ထိုယောင်္ကျားသည် ခိုးသူ၏ အကျိုးစီးပွားကိုဆောင်ရွက်ရာ ရောက်ပါ၏လော
အရှင်ဘုရား ထိုယောင်္ကျားသည် ခိုးသူအား အသက်ပေးသူပါပေတည်း မင်းမြတ် ခိုးသူသည် လက်ကိုဖြစ်စေ ခြေကိုဖြစ်စေ အဖြတ်ခံရသဖြင့် ဆင်းရဲဝေဒနာ ကိုခံစားရ၏ ထိုသို့ ခံစားရသဖြင့် ပြောဆိုပေးသော ယောင်္ကျားမှာ အကုသိုလ်ဖြစ်ပါ၏လော အရှင်ဘုရား အသက်ပေးသော ယောင်္ကျားမှာ အကုသိုလ်မဖြစ်ပါ မင်းမြတ် ဤအတူသာပင် ဘုရားရှင်သည် ဒေဝဒတ်ကိုသနားသောအားဖြင့် တစ်ကမ္ဘာမျှ ငရဲခံရုံမျှဖြင့် ဆင်းရဲဒုက္ခ အဆုံးသတ်နိုင်စေရန် ရဟန်းပြု၍ ပေးတော်မူ၏ ထို့ကြောင့်ပင် ဒေဝဒတ်သည် သေခါနီဆဲဆဲမှာ လောကသုံးပါထက်မြတ်သော ပုဂ္ဂိုလ် ဖြစ်တော်မူပေထသောသမ္မုသိနတ်ဥပပတ္တိနတ်တို့ထက်လွန်
သော ဝိသုဒ္ဓိနတ်ဖြစ်တော်မူထသော ဆုံးမထိုက်သောဝေနေယျသတ္တဝါအပေါင်းကိုကောင်းမွန်စွာဆုံးမ
တော်မူပေထသော တရားအလုံးစုံကိုအကုန်အစင် သိမြင်တော်မူပေထသော အရာမကသော ဘုန်းတော်ရှိတော်မူ၍ယောင်္ကျားမြတ်တို့၏လက္ခဏာတော် ရှိတော်မူသော ထိုဘုရားရှင်အား ဤအရိုး
တို့ဖြင့်လည်ကောင်း ဤအသက်ဖြင့်လည်ကောင်း ဆည်းကပ်ကိုးကွယ်ပါ၏ဟူ၍ ရွတ်ဆိုကာ သရဏဂုံ
ဆောက်တည်သွား၏ မင်းမြတ် ဒေဝဒတ်သည် ဤကမ္ဘာ၏ကြွင်းကျန်သော အချိန်တွင် ငရဲမှာ ကျခံရ၍
ဤကမ္ဘာသက် ကုန်ဆုံးသောအခါ ငရဲမှ လွတ်လတ္တံ့ ငရဲမှလွတ်မြောက်ပြီးနောက် လူ့ဘဝသို့ပြန်ရောက်ကာ အဋ္ဌိဿရ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်ပေလတ္တံ့ မင်းမြတ် ဤသို့ ရဟန်းပြုပေး
သဖြင့် ဘုရားရှင်သည် ဒေဝဒတ်၏ အကျိုးစီးပွားကို ဆောင်ရွတ်ရာရောက်ပါ၏လော…
အရှင်းဘုရား ဆောင်ရွက်ရာ ရောက်ပါ၏
မင်းမြတ် ဒေဝဒတ်သည် ရဟန်းပြုခွင့်ရသဖြင့် သံဃာကို သင်းခွဲကာ ငရဲမှာ ကျခံရ၏ ထိုတို့ကျခံရသဖြင့် ရဟန်းပြုပေးသော ဘုရားရှင်မှာ အကုသိုလ်ဖြစ်ပါ၏လော အရှင်ဘုရား ရဟန်းပြု
ပေးသော ဘုရားရှင်မှာ အကုသိုလ်မဖြစ်ပါ ဘုရားရှင်သည် လမ်းမှားသို့လျှောက်သွားသော ဒေဝဒတ်
အား ဖြောင့်မတ်တည့်တန်းသော လမ်းမတော်ကြီး သို့ပို့ဆောင်တော်မူပါ၏ ကမ်းပါးပြတ်သို့ ကျရောက်လေ သော ဒေဝဒတ်အား ဆောက်တည်ရာကိုပေးတော်မူပါပေ၏
မှတ်ချက်`…………မိလိန္ဒမင်းမြတ်နှင့် ရှင်နာဂသိန် တို့၏ ဆွေးနွေပုံဖြစ်သည်
DJမောင်
No comments:
Post a Comment