Monday, November 8, 2010

ကုလားမတွေဒီလိုအိမ်ထောင်ကျတယ်………………

ခုတလော မအားတဲ့ကြားက တခြားဘလော့ဂ်တွေကိုကော နောက် ကိုယ့်ဘလော့ဂ်မှာလင့်ချိတ်ထားတဲ့ဘလော့ဂ်တွေမှာကောစာတွေလိုက်ဖတ်တယ် သတင်းကျွတ်ပြီဆိုတော့ အံမယ် တချို့ဘလော့ဂ်တွေမှာ မင်္ဂလာခန်းမအကြောင်းတွေ တောင်ပါလိုက်သေးတယ် ကောင်းပါတယ် တစ်ယောက်ကိုတစ်ယောက် သတင်းပေးတဲ့သဘောထင်တယ် အင်း ဘာပဲပြောပြော ကိုယ်နေတာကအိန္ဒိယနိုင်ငံဆိုတော့ လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ဓလေ့ကိုတော့ကိုယ်သိသလောက်ပြောကြည့်မယ်နော် အိန္ဒိယနိုင်ငံက အမျိုးသမီးကနေအမျိုးသားကိုတင်တောင်းရတာ ယောင်္ကျားကိုဝယ်ယူရတဲ့သဘောပေါ့ အမျိုးသားကဝန်ထမ်း ဇာတ်မြင့် ပညာတတ် စသည် စသည် အမျိုးသားကဂုဏ်အရည်အချင်းကြီးလေလေ အမျိုးသမီးဘက်ကတင်တောင်းရတဲ့ငွေကြေးပစ္စည်းကများလေလေပဲ အရွယ်ရောက်တဲ့မိန်းခလေး

တစ်ယောက်က ချစ်သူတော့ထားလို့ရပေမယ့် ကိုယ်ချစ်တဲ့လူနဲ့ဘယ်တော့မှ မညားတတ်ဘူး တချို့ဆိုရင် အရွယ်မရောက်ခင်ကတည်းက ကောင်းမလေးအဖို့ ယောင်္ကျားလေးကိုဝယ်ထားပြီးသားလေ မင်္ဂလာဆောင်ပြီးသွားရင်လဲယောက်ျားလေးအိမ်မှာပဲလိုက်

နေရတယ်လေ နောက်ပြီးတစိမ်းယောင်္ကျားလေးနဲ့လဲ စကားပြောဘို့အခွင့်အရေးနည်းသွားတယ် အဲ..ချစ်တိုင်းမညား ညားတိုင်းမချစ်ဆိုတာ အိန္ဒိယက ကုလားမလေးတွေထင်တယ် သတင်းစာမှာလည်း..ထည့်ပြီးတော့ မိန်းခလေးတွေကော ယောင်္ကျားလေးတွေကော ထည့်ပြီးကြေငြာတတ်တယ် ဘယ်လိုကြေညာလဲဆိုရင် ယောင်္ကျားလေးကကြေငြာရင် ဇာတ်ကဘာဇာတ် ဘာဘွဲ့ရထားတယ် ဘာရာထူးနဲ့ ဘယ်ဌာနမှာ အလုပ် လုပ်တယ် ဘယ်လောက်နဲ့ရောင်းမယ် လူပျိုဆို လူပျို တစ်ခုလပ်ဆို တစ်ခုလပ် မုတ်ဆိုးဖိုဆို မုတ်ဆိုးဖို အဲလိုကြေငြာထားတယ် မိန်းခလေးဘက်ကကြေငြာရင်လဲ ဘယ်လိုဇာတ် ဘယ်လိုအရည်းအချင်းရှိရမယ်စသည် စသည် ကြေငြာပြီးတော့ဝယ်တတ်တယ် အဟိ လေလံဆွဲနေတာလားမသိဘူး အင်း ဆင်းရဲတဲ့ကုလားမလေးတွေဆိုရင်လဲ ယောင်္ကျားရဘို့မလွယ်ဘူး ယောင်္ကျားဝယ်ဘို့ငွေမရှိလို့ကတော့ သူတို့လေးတွေခမျာ သနားစရာကောင်းတယ် အရွယ်ရောက်လို့မှ ယောင်္ကျားမဝယ်နိုင်ရင် သူတို့တွေဟာတော်တော်မျက်နှာငယ်ရတယ် ၇ လပိုင်းလောက်က ဗာရာဏသီဘက်ကိုသူငယ်ချင်းတွေနဲ့ ရထားစီးပြီးသွားတယ် ဘူတာတစ်ခုကိုရောက်တော့ ကုလားမကြီးက သူ့သမီးလေးကိုလက်စွဲပြီးပိုက်ဆံလိုက်တောင်းနေတယ် ပါးစပ်ကလဲ သူ့သမီးလေးယောင်္ကျားဝယ်ပေးဘို့ငွေမရှိလို့လိုက်တောင်းနေရတဲ့အကြောင်းပြောပြီးရထားပေါ်မှာငွေလိုက်တောင်းနေတာကိုတွေ့ခဲ့ရသေးတယ် ကုလားမကြီးနောက်က သူသမီးမျက်နှာကိုကြည့်တော့လဲ မျက်နှာငယ်လေးနဲ့ တော်တော်လေးကိုသိမ်ငယ်နေတဲ့ပုံပဲ …………… အဲ..ကုလားမတွေအိမ်ထောင်ကြပြီးသွားရင် နဖူးပေါ်မှာ အနီကြောင်းအရှည်ကြီးစွဲထားတာတွေ့ရလိမ့်မယ် အဲဒီလိုတွေ့ရင်သေချာပြီး အိမ်ထောင်သည်ပဲ အနေအထိုင်ကအစသိတာတယ် ဝတ်တာစားသာတွေကြည့်ပြီး အိမ်ထောင်ကြပြီးသားလား မကြရသေးဘူးလား သိသာတယ် အဲဒီနေရာမှာ စကားမစပ် မြန်မာပြည်က အိမ်ထောင်ကျပြီးတဲ့အမျိုးသမီးလေးတွေနဲ့တော့ကွာမယ်ထင်တယ် ဟုတ်တယ် ဝတ်ထားတာတွေက အပျိုမှန်းမသိ အအိုမှန်းမသိနဲ့ ကိုယ်ပြောတာဟုတ်မဟုတ်တော့ လေ့လာကြည့်ပေါ့နော် အင်းဒီနေရာမှာတစ်ခုပြောချင်တာက နိုင်ငံတိုင်းမှာယဉ်ကျေးမူ့ဆိုတာရှိတယ် ဘယ်နိုင်ငံ ဘယ်ယဉ်ကျေးမူ့မဆို ကောင်းရင် ကျင့်သုံး မကောင်းရင်ပယ် အဲလိုဖြစ်သင့်တယ် အိန္ဒိယကကုလားမတွေလက်ထပ်ပြီးရင် လက်တွေ နောက် ခြေဖနောင့်တွေမှာ အနီရောင်တွေလိမ်ထားတတ်သေးတယ် လက်ကောက် လက်စွပ်တွေကလဲအပျိုတွေဝတ်တာတွေနဲ့အိမ်ထောင်ကျပြီးသာတွေဝတ်တာကိုခွဲခြားထားတယ် ခြေထောက်မှာလဲခြူတွေလိုလို နဲ့ဝတ်ထားတတ်တယ် အိမ်ထောင်ကျပြီးသားကုလားမတွေကလေ… လက်ထပ်ပြီးလို့ တတ်နိုင်တဲ့သူတွေကတော့ မိန်းမကိုကားနဲ့တခါထည်းခေါ်သွားတယ် မတတ်နိုင်တဲ့လူတွေကတော့ မြင်းလှည်း ဂါလီ တွေနဲ့ခေါ်လာကြတယ် အမျိုးသားအိမ်ရောက်သွားပြီဆိုရင်လဲ ကျောင်းမပြီးသေးတဲ့ ကုလားမဆိုရင်လဲ အမြင်ကျယ်တဲ့ အသိုင်းအဝိုင်းမှာရောက်သွားရင် အိမ်ထောင်ကျပေမဲ့ ကျောင်းဆက်တက်ခွင့်တော့ရသေးတယ် ငွေလဲတတ်နိုင်မယ်ဆိုရင်ပေါ့ ကျောင်းပြီးအောင်ဆက်ထားပေးတယ် အမြင်လဲ မကျယ် နောက် ငွေလဲမတတ်နိုင်ရင်တော့ ကျောင်းဆက်မတက်ရတော့ဘူး ငွေရှိပေမဲ့ အမြင်မကျယ်တဲ့အသိုင်းအဝိုင်းမှာရောက်သွားရင်လဲ ကျောက်ဆက်တက်ဘို့မဖြစ်နိုင်တော့ဘူး ကုလားတွေကအရမ်းသဝန်ကျောင်းတတ်တယ် ဒါကြောင့် သူတို့ရထားတဲ့မိန်းမတွေကို ဘယ်တော့မှအပြင်ပေးမသွားဘူး နောက် တစိမ်းယောက်ျားလေးနဲ့စကားပြောတာမကြိုက်ဘူး အိမ်တွင်းပုံးကုလားမတွေဖြစ်မှန်းမသိဖြစ်ကုန်တော့တာပဲ အချင်းချင်းနောက်သလိုလိုနဲ့ အမပေး ညီမပေး အဲလိုပြောင်းရင် လက်ခံနိုင်ချင် လက်ခံနိုင်ပေမယ့် မင်းမိန်းမငါ့ပေးလို့ပြောလို့ကတော့ ရန်သတ်ပြီးသာမှတ်တော့ ဒါကြောင့်အိမ်ထောင်ကျပြီးသား ကုလားမတွေဟာ ယောက်ျားကခွင့်ပြုချက်မပေးရင်ဘာမှလုပ်လို့မရသလို အများအားဖြင့် ကုလားမတွေဟာ အိမ်တွင်းပုန်းတွေဖြစ်သွားတယ်ဆိုတဲ့အကြောင်းပြောယင်း…………………


ကုလားမတွေဒီလိုအိမ်ထောင်ကျတယ်………………

ကိုယ်သိထားတဲ့ဓလေ့တစ်ခုကိုပြန်မျှဝေခြင်းသာဖြစ်ပါတယ်

No comments:

Post a Comment