Sunday, October 31, 2010

ပြုံးမိတာလေး

အင်း…ခုတစ်လောမိုးတွေအရမ်းရွာပြီးတဲ့နောက်မှာ မှိုတွေလဲပေါက်နေတာနေရာခပ်များများမှာတွေ့ရတယ် တွေ့လိုက်ရတဲ့မှိုတွေကလဲ အကြီးကြီးတွေပဲ ချက်စားလိုက်ရရင်ကောင်းမှာပဲဆိုတဲ့ အတွေးကလဲဝင်လာတယ်လေ မြန်မာပြည်တုံးကတော့ ကောက်ရိုးမှိုဆိုတာလားပဲ ကန်စွန်းရွက်ရယ်နောက် ငရုတ်သီးလေးရယ်ရောချက်စားရင်အရမ်းကောင်းတယ်ဆိုတာသိတယ်လေ။ ချက်စားဘူးတော့ ခုလဲ ဘာမှိုလဲ အမျိုးအမည်မသိတော့မစားရဲဘူးကြောက်တယ် မှိုကတောက်တယ်လို့ကြားဘူးလို့ နောက်ပြီးစားရမှာလဲ မသတီဘူး ဘာလို့လဲဆိုတော့ ကုလားတွေက တွေ့တဲ့နေရာမှာ အီးအီးလဲ ပါတယ် ရှုးရူးလဲပေါက်တယ် အရမ်းညစ်ပတ်တယ် အိန္ဒိယမှာ လမ်းဘေးအပေါ့အပါးသွားတာတော့မဆန်းတော့သလိုပဲ စကားမစပ် ပြောရအုံးမယ် အိန္ဒိယနိုင်ငံ အင်္ဂလိပ်လက်အောက်ရောက်နေတဲ့အခါတုံးကပေါ့ လွတ်လပ်ရေးဖခင်ကြီး ဦးဂန္ဒီကြီးက အင်္ဂလိပ်တွေ အသန့်အပြန့်ကြိုက်တာသိတော့ အင်္ဂလိပ်တွေမြန်မြန်ပြေးအောင် တော်လှန်းရေးတစ်ခုအနေနဲ့ဆင်နွဲရာမှာ လမ်းဘေး ရူးရူးပေါက်တာ အီးအီးပါတာတွေတောင်ပါဝင်တယ်လို့သိရတယ်။ ဘာလို့လဲဆိုတော့ အသန့်အပြန့်ကြိုက်တဲ့ အင်္ဂလိပ်တွေ ဒီညစ်ပတ်မူ့တွေကိုမခံနိုင်ပဲမြန်မြန်ပြေးမှာကိုး… ဒါကြောင့်ဒီကိစ္စတွေက ရိုးရားသဘောများဖြစ်နေပြီလားမသိဘူး။ အရင်ကလဲ အိန္ဒိယနိုင်ငံမှာ အစိုးရက အိမ်တစ်အိမ်မှာ အိမ်သာတစ်ခု လုပ်ပေးဘို့ အစီအစဉ်စွဲတဲ့အခါမှာ မကြိုက်တဲ့ပြည်သူလူထုကဆန္ဒပြလို့ အဲဒ်ီအစီအစဉ်ပျက်ခဲ့တယ်လို့ကြားဘူးတယ်။ ဘာပဲပြောပြောလေ အိန္ဒိယနိုင်ငံသူ နိုင်ငံသားတွေ လွတ်လပ်ရေး ဖခင်ကြီးကို တန်းဘိုးထားတဲ့နေရာမှာတော့ အတုယူဘို့ကောင်းတယ်။ အဲ…..မှိုအကြောင်းပြောမလို့ စကားကဘယ်ထွက်သွားမှန်းမသိဘူး။ ကိုယ်တွေနေတာက တက္ကသိုလ်ကပေးတဲ့ နိုင်ငံခြားသား အဆောင်မှာဆိုတော့ ကိုနေတဲ့ပတ်ဝန်းကျင်မှာတော့ သန့်သန့်ရှင်းရှင်းရှိတယ်လေ။ ဘာပဲပြောပြော စားရမှာ မသတီတာကြောင့် မစားဖြစ်ဘူးပေါ့။ နောက်မှိုကတောက်တတ်တယ်ကြားဖူးတော့ တကယ်လို့စားများစားလိုက်လို့ကတော့ တောက်သွားရင် မလွယ်ဘူး။ မှိုစားရင် တောက်တတ်တယ်ဆိုတာလေး တွေးရင် ဟိုပုံပြင်နေသွားသတိရတယ်။ ဘာတဲ့ တစ်ခါက ရွာတစ်ရွာမှာ လူတစ်ယောက်ပေါ့။ တောထဲကမှိုတွေနုတ်လာတယ်။ နုတ်လာတဲ့မှိုတွေကလည်း စားလို့ရတဲ့မှိုလား စားလို့မရတဲ့မှိုလား မသိဘူးတဲ့။ မှိုတွေနုတ်လာပြီးရွာပြန်ရောက်လာတော့ စားလို့ရတဲ့မှိုလား စားလို့မရတဲ့မှိုလားဆိုတာ သူ့သူငယ်ချင်းတွေကိုမေးတယ်တဲ့..။ ပထမသူငယ်ချင်းက ပြောတယ် ဟေ့..ဒီမှိုစားလို့ရတဲ့မှိုလား စားလို့မရတဲ့မှိုလားတော့ငါမသိဘူး မင်းသေချာချက်ပြီးတော့ အရင်ဆုံးအိမ်နီးချင်းတွေ လိုက်ဝေလိုက်တ။ဲ့ အိမ်နီးချင်းတွေငိုသံမကြားရရင်မင်းစားလို့ရပြီးတဲ့။ ဘာလို့လဲဆိုရင် ဒီမှိုစားလို့သူတို့တောက်ပီးသေရင် ငိုသံကြားရမှာလေ။ ငိုသံကြားရင် မင်းချက်ထားတဲ့မှိုဟင်းတွေ သွန်ပြစ်လိုက်တော့တ။ဲ့ နောက်တစ်ယောက်က ကြတော့ "သူငယ်ချင်းရာလွယ်ပါတယ် ဒီမှိုစားလို့ ရ မရ ချက်ပြီး ရွာဦးကျောင်းကိုအရင်သွားလှုလိုက်တဲ့။ ရွာဦးကျောင်းကဆရာတော်ဆွမ်းဘုန်းပေးပြီးလို့ ကြေစီးတို့မောင်းတို့ တီးသံမကြားရင်စားလို့ရပြီးတဲ့။ ကြေးစီးတွေမောင်းတွေတီးရင်တော့ မင်းချက်ထားတဲ့ မှိုကိုမစားနဲ့တော့တဲ့ ဘာလို့လဲဆိုရင် ရွာဦးကျောင်းဆရာတော် မင်းချက်လှုတဲ့မှိုဟင်းဘုန်ပေးလို့ပျံလွန်တော်မူသွားတာသေချာတယ်တဲ့။

မှိုနဲ့ပတ်သက်ပြီးတော့ အဲဒီပုံပြင်လေးကိုသွားသတိရလို့တစ်ယောက်ထဲပြုံးနေမိတယ်လေ။ ဒါပေမဲ့ တောက်မှာကြောက်လို့တွေ့လိုက်ရတဲ့မှိုနားက အမြန်ဆုံးလစ်ထွက်လာခဲ့တယ်။ အဲ..ကိုယ်ကစာရေးရင် သတ်ပုံလဲသိပ်မမှန်ချင်ဘူး။ စကားကလည်းပြောတိုင်း သ နဲ့ တ ကမကွဲဘူး။ စာရေးပြီးသတ်ပုံစစ်ခိုင်းရင် ဂဂျီဂဂျောင်နိုင်တဲ့ ကိုမဟူရာမင်းကိုများ မှိုဟင်းလေးအရင်စားခိုင်းလိုက်ရ..ကောင်းမလားလို့တွေးမိလိုက်သေးတယ်.။အော်…ပြုံးမိတာလေးကို ပြောပြတာပါ။ အားလုံးလည်း ပြုံးနိုင်ကြပါစေ။

3 comments:

  1. ဟဲဟဲ ဗဟုသုတ ကတော့ စုံပါဗျာ အပေါ်ကပြောတဲ့ အင်္ဂလိပ်တွေ ထွက်ပြေးတဲ့ နည်း ထဲမှာ အဲဒီနည်းပါတာ အခုမှ သိတယ်ဗျ ကျေးဇူး
    မှိုကတော့ ပင်စည်တိုင်လေးမှာ ကွင်းလေး ပါနေရင် မှိုကိုခြေကြည့်လိုက်လို့ အမဲရောင်အညိုရောင် ပြောင်းသွားရင် မစားရဘူးတဲ့ ဒါပေမဲ့ မသိတဲ့ မှိုဆိုရင်တော့ မစားတာကောင်းပါတယ်

    ကျေးဇူးဘဲနော်
    ရွှေစင်ဦး

    ReplyDelete
  2. ဟားဟားဟား
    ရေးထားတာလေး တော်တော်သဘောကျလို့ ။
    အိန္ဒိယ ဖခင်ကြီး ဂန္ဓီရဲ့ တိုက်ကွက်လက်နက်လေးနဲ့ 
    ကိုယ်မသိခဲ့သေးတဲ့ ဓလေ့လေးတွေ သိသွားပါတယ်။
    မှိုကတော့ မစားတာ အကောင်းဆုံးပါပဲလေ။
    စာဖတ်သူကိုယ်တိုင်လည်း မှိုသိပ်ကြိုက်ပေမဲ့
    သိပ်မစားရဲဘူး။ :)
    ...ခင်မင်လျှက်...ခင်မာလာအောင်...:)

    ReplyDelete
  3. တယ်လည်းမှိုကြိုက်သလားဗျာ။ ဒါကြောင့်ထင်ပ။တွေ့လိုက်တိုင်း မှိုပြုံးပြုံးနေတာ။

    ReplyDelete